Friday, July 31, 2015

မုန်း vs ကြီးအုံကြီးဝ

 
 
 
 
 
 
 
 
 
မုန်း vs ကြီးအုံကြီးဝ
==============
မုန်းတမံက ရေပိုလွှဲက ၃၃ ပေရေကျော်နေပါတယ်။ တမံထိပ်ရောက်ဖို့ ခုနှစ်ပေလောက်လိုပါတယ်။ ရေက ထပ်ပြီးတိုးနေဆဲမို့ အရမ်းသတိထားနေရပါတယ်။ ဒီရေတွေအကုန်လုံးကလဲ ကြီးအုံကြီးဝတမံကနေတဆင့် မုန်းချောင်းထဲ ဆက်စီးမှာမို့. မြင့်တဲ့ကုန်းမြေတွေဆီ မဖြစ်မနေ ပြောင်းကြပါလို့တိုက်တွန်းချင်ပါတယ်။ တမံအနေနဲ့ကတော့ သိပ်စိုးရိမ်စရာမရှိသေးပါဘူး။ ကျွမ်းကျင်ပညာရှင်များနဲ့ ၀န်ထမ်းများမှ အတတ်နိုင်ဆုံးထိန်းသိမ်းလျက်ရှိပါတယ်။
စလင်းတမံကလဲ ၉.၉ ပေ ကျော်နေသလို ထပ်ပြီးတိုးနေဆဲပါပဲ။
မိုးရေတွေနဲ့ ၀င်ရေတွေ ထပ်အများကြီး မတိုးလာဖို့တော့ ဆုတောင်းမိတယ်။ ၀င်ရေအရမ်းတိုးလာရင် ထိန်းသိမ်းရခက်သွားနိုင်တာမို့
@Soe Min Lwin

0 comments:

Post a Comment