မြန်မာသတင်းပညာသိပ္ပံ (MJI ) သည် (၁၀) လကြာ အချိန်ပြည့်သတင်းစာပညာသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ဇူလိုင် ၂၀ ရက်၊ ၂၀၁၅ ခုနှစ်တွင် စတင်မည့်သင်တန်းအတွက် မေလ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်မှစတင်၍ လျှောက်ထားနိုင်ပါသည်။
မြန်မာသတင်းပညာသိပ္ပံ၏ ပထမဦးဆုံးသော အချိန်ပြည့်သတင်းစာပညာသင်တန်းဖြစ်ပြီး သတင်းလောကကိုစတင်ဝင်ရောက်လုပ်ကိုင်လိုသူ လူငယ်များအတွက် ပုံနှိပ်မီဒီယာအပြင် အသံ၊ ဗီဒီယိုနှင့် ဓါတ်ပုံစသော မာလ်တီမီဒီယာအသုံးပြုနိုင်စေရန် ရည်ရွယ်သည်။
သင်တန်းတွင် သတင်းရေးသားခြင်း၊ အင်တာဗျူး၊ သုတေသနပြုခြင်း၊ ရသသရုပ်ဖော်ဆောင်းပါးရေးသားခြင်း၊ အသံဖမ်းခြင်းနှင့် တည်းဖြတ်ခြင်း၊ ဓါတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်ဖြတ်ခြင်း၊ သတင်းတင်ဆက်ခြင်း၊ အွန်လိုင်းအသုံးပြုမှုနှင့် Content Management System များ ပါဝင်မည်။
လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သင်ရိုးဖြစ်သော်လည်း မီဒီယာကျင့်ဝတ်နှင့် ဥပဒေ၊ ဂျာနယ်လစ်များ၏ အခန်းဂဏ္ဍနှင့် တာဝန်များလည်း သင်ကြားပို့ချမည်ဖြစ်သည်။ ထို့အပြင် သတင်းဌာနများတွင် အလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်လေ့လာခြင်းလည်း ပါဝင်သည်။
ဤသင်တန်းသည်သတင်းစာလောကကိုစတင်ဝင်ရောက်မည့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ
ကျောင်းသားလူငယ်များအတွက် ဦးတည်သည်။ ယနေ့ခေတ်၏ မာလ်တီမီဒီယာသတင်းခန်းကို ထင်ဟပ်သော လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သင်ရိုးဖြစ်ကာ သင်တန်းသားများအနေဖြင့် သုတေသနပြုလုပ်ခြင်း၊ သတင်းရေးသားခြင်းအပြင် အသံဖမ်းခြင်းနှင့် တည်းဖြတ်ခြင်း၊ ဗီဒီယိုနှင့် ဓါတ်ပုံ ရိုက်ကူးတည်းဖြတ်ခြင်း၊ အွန်လိုင်းကိရိယာတန်ဆာပလာများ အသုံးပြုမှုနှင့် Content Management System များ သင်ကြားရမည်ဖြစ်သည်။
လျှောက်ထားသူသည် အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ
သင်တန်းကြေး၊ ၀င်ခွင့်လိုအပ်ချက်၊ သင်တန်းရက်များနှင့် အခြားပို့ချနေသော သင်တန်းများနှင့် ပတ်သက်ပြီး MJI ရုံး- အခန်း ၁၀၂၊ တိုက် (ဘီ)၊ ပုဂံအိမ်ရာ၊ အနော်ရထာလမ်းမကြီး (ကျူံးကြီးလမ်း)၊ လမ်းမတော်မြို့နယ် ရန်ကုန်မြို့သို့ လာရောက်မေးမြန်းနိုင်ပါသည်။ သို့မဟုတ် info@mjimyanmar.org သို့ အီးမေးလ်ပို့၍မေးမြန်းနိုင်သည်။
မြန်မာဘာသာဖြင့် ရေးသားထားသော လျှောက်လွှာကို ဤနေရာတွင် ဒေါင်းလုပ်လုပ်နိုင်ပါသည်။ ဖြည့်စွက်ပြီး လျှောက်လွှာနှင့်အတူ ဆောင်းပါးတိုတစ်ပုဒ် ရေးသားပေးပို့ရမည်။ အောက်ပါ အကြောင်းအရာနှစ်ခုအနက် တစ်ခုကို ရွေးချယ်ရေးသားနိုင်သည်။
(၁) မြန်မာမီဒီယာလွတ်လပ်ခွင့်အခြေအေ
(၂) မြန်မာပြည်တွင် ဆင်းရဲချမ်းသာ ကွာဟမှု
စာလုံးရေ ၄၀၀ မှ ၈၀၀ အတွင်း သို့မဟုတ် စာလုံးအရွယ် ၁၂ ဖြင့် A4 စာမျက်နှာ တစ်မျက်နှာစာဖြစ်သည်။
ထို့အပြင် သင်၏ မိဘ သို့မဟုတ် ဆွေမျိုးသားချင်းတစ်ဦးဦး၊ သင်၏ အလုပ်ရှင်၊ ဆရာ၊ လမ်းညွှန်သွန်သင်ပေးသူတစ်ဦးကို ထောက်ခံသူအဖြစ် ရွေးပါ။ သူ၏ထောက်ခံစာတွင် သင်၏အရည်အချင်း၊ ကိုယ်ရေးကိုယ်သွေး၊ အကျင့်စရိုက်နှင့် ဤသင်တန်းမှသင့်အတွက် မည်သို့အကျိုးကျေးဇူးများဖြစ်ထွ
MJI က သင့်ကို လူတွေ့မေးမြန်းရန် ဖိတ်ကြားခံရလျှင် အဆိုပါထောက်ခံစာကို သင်နှင့်တပါတည်းယူလာရန်ဖြစ်သည်။
ပညာသင်ထောက်ပံ့ကြေး
MJI နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အရည်အချင်းပြည့်မီပြီး ငွေကြေးချို့တဲ့သော ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးချီးမြှင့်သွ
ပညာသင်ထောက်ပံ့ကြေးလျှောက်ထားသူ
ရန်ကုန်တွင်နေထိုင်သော သူများမဟုတ်လျှင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အဆောင်တွင်နေခွင့်ရမှာဖြစ်သည်။
လျှောက်လွှာကို MJI ရုံးသို့ လူကိုယ်တိုင်လာရောက်ပေးပို့၍သော
http://www.mjimyanmar.org/?p=378 နှင့် www.facebook.com/mjimyanmar တွင်
လျှောက်ထားရမည့်ပုံစံများဖတ်ရှု့နိုင်ပြီး လျှောက်လွှာပုံစံ ဤနေရာတွင် ဒေါင်းလုပ် လုပ်နိုင်ပါသည်။
အင်္ဂလိပ်ဘာသာဖြင့် ဖြည့်စွက်လိုလျှင် https://goo.gl/dXn9yF တွင် ဖြည့်စွက်နိုင်ပါသည်။
နောက်ဆုံးလျှောက်ထားရမည့်ရက်။ ဇူလိုင်လ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်
သင်တန်းကြေး၊ ၀င်ခွင့်လိုအပ်ချက်၊ သင်တန်းရက်များနှင့် အခြားပို့ချနေသော သင်တန်းများနှင့်ပတ်သက်လျှင် အခန်း ၁၀၂၊ တိုက် (ဘီ)၊ ပုဂံအိမ်ရာ၊ အနော်ရထာလမ်းမကြီး (ကျူံးကြီးလမ်း)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်သို့ လာရောက်မေးမြန်းနိုင်ပါသည်။ သို့မဟုတ် info@mjimyanmar.org သို့ အီးမေးလ်ပို့၍မေးမြန်းနိုင်သည်။
MJI ၏ မိတ်ဘက်အဖွဲ့အစည်းများမှာ ပြင်သစ်နိုင်ငံမှ
Canal France International, ဂျာမဏီနိုင်ငံမှ DW Akademie,
ဒိန်းမတ်နိုင်ငံမှ International Media Support, ဆွီဒင်နိုင်ငံမှ Fojo
Media Institute တို့ဖြစ်သည်။
0 comments:
Post a Comment