Sunday, July 26, 2015

မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း(MJA) ဒုတိယ အကြိမ်ရွေးကောက်ပွဲ(ညီလာခံ) ကို ဇူလိုင်(၂၉) ရက်နေ့  (ဗဟို)ကော်မရှင်ဖြင့် ပြန်လည်ကျင်းပမည်။

ကျင်းပမည့် နေ့ရက်။  ဇူလိုင်(၂၉)ရက်၊ ဗုဒ္ဒဟူးနေ့

အချိန်။   နေ့  ၁၂ နာရီ

နေ့ရာ ။    မကွေးတိုင်းဒေသကြီး ပြန်/ဆက်ရုံး ခမ်းမ

                ဇူလိုင်(၂၅)ရက်နေ့က မပြီးခဲ့သော မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း(MJA)  ညီလာခံ၊ ရွေးချယ်ပွဲကို ဇူလိုင်(၂၉)ရက်နေ့တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)ကော်မရှင်မှ မကွေးမြို့သို့လာရောက်၍ ပြန်လည်ကျင်းပပေးမည်ဖြစ်ပါသည်။

            အသင်းဝင်များ၏ စာရင်းများကို (ဗဟို)ကော်မရှင်၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ရွေးချယ်ပေးမည်ဖြစ်ကြောင်း (ဗဟို)ကော်မတီ၊ အတွင်းရေးမှူး-၁ ဦးကျော်စွာမင်း မှ ဇူလိုင် ၂၆ ရက်နေ့တွင် ပြောကြားသည်။

          သို့ပါ၍ မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း(MJA) အသင်းဝင်များ ဒုတိယအကြိမ်ညီလာခံသို့ မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။   ။ အဖွဲ့ဝင်အသစ်(အဆိုပြုလွှာ)များ ကို အလုပ်အမှုဆောင် အသစ်အဖွဲ့နှင့် (ဗဟို) ကော်မတီတို့မှ စည်းမျဉ်းစည်းကမ်းနှင့်အညီ လက်ခံစစ်ဆေး ဆောင်ရွက်ပေးသွားမည်။ အဖွဲ့ဝင်အသစ်များမှာ အတည်မပြုရသေး၍ မဲပေးခွင့်၊ ရွေးချယ်ခံခွင့်မရှိကြောင်း လက်ရှိ ဥက္ကဋ္ဌ ဒေါက်တာသက်လွင် မှ ကြေညာသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
အတွင်းရေးမှူး
ဥက္ကဋ္ဌ (ကိုယ်စား)


0 comments:

Post a Comment