Thursday, July 16, 2015

ELEVEN MEDIA GROUP ပိုင်ရှင်ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင် မော်တော်ယာဉ်အား လေးခွဖြင့် ပစ်သူများကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ။

ဘယ်သူ ခိုင်းတာလဲ....
xxxxxxxxxxxxxxxxxxxxxxx
ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ELEVEN MEDIA GROUP ပိုင်ရှင်ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင် မော်တော်ယာဉ်အား လေးခွဖြင့်
ပစ်သူများကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ။
****************
======================================================
၁၄.၇.၂၀၁၅ ရက်နေ့ ၁၇၅၀ အချိန်ခန့်တွင် ELEVEN MEDIA GROUP ပိုင်ရှင်
ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင်မှ ၎င်းသည် LEXUS ကိုယ်ပိုင်ယာဉ်ဖြင့်
ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းအတိုင်း တာမွေအ၀ိုင်းဘက်မှပြည်ထဲရေးမီးပွိုင်
ဘက်သို့ မောင်းနှင်လာစဉ် ဦးချစ်မောင်လမ်းနှင့် မင်းလမ်းထိပ်အရောက် လမ်း
တစ်ဘက်မှ အမျိုးသား ၂ ဦးက ယာဉ်အနီးသို့ ရောက်ရှိလာပြီး လေးခွကုန်းသီးဖြင့်
၆ ချက်ဆင့်ပစ်၍ တစ်ဘက်ယာဉ်ကြောတွင်ရပ်ထားသော 5D ---- CALDINA
ယာဉ်ပေါ်သို့ ထက်ရောက်မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ၎င်း၏ယာဉ်ရှေ့
ဝဲဘက်တံခါးမှန်ကို (၄)ချက်ထိမှန်ပြီး အက်ကွဲခဲ့၍ တန်ဖိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယင်းသို့ကျူးလွန်ကြသူများအား အရေးယူပေးရန်
တိုင်တန်းခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၃၀၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၇/၄၂၇/၁၁၄
ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
ဗဟန်းမြို့မရဲစခန်း၊ သာကေတမြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း
အဖွဲ့က စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ပြီး မောင်းနှင်ထွက်ပြေးသွားသည့်
5D---- CALDINA ယာဉ်မှာ သာကေတမြို့နယ်နေသူပိုင်ဖြစ်ကြောင်းသိရှိရပြီး
၎င်းယာဉ်အား တီကောင်(ခ)ရန်နိုင်မှ အငှားမောင်းနှင်နေကြောင်းသိရှိရ၍ စုံစမ်း
ရှာဖွေခဲ့ရာ ၁၄.၇.၂၀၁၅ ရက်နေ့ ၂၁၂၀ အချိန်ခန့်တွင်သာကေတမြို့နယ်၊ မြို့မ
(၈)လမ်း၌ တီကောင်(ခ)ရန်နိုင်၊ (၂၈)နှစ်၊ ဘုရားကုန်းကျေးရွာ၊ သန်လျင်မြို့နယ်
နေသူကို ယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
၎င်းအားစစ်ဆေးချက်အရ ခင်မင်ရင်းနှီးသူ စပိုက်ဒါ(ခ)အငယ်လေး(ခ)
မျိုးမြင့်အောင်မှ ငှားရမ်းသဖြင့် လိုက်ပါလာခဲ့ပြီး ဗဟန်းမြို့နယ်၊ ဦးချစ်မောင်
လမ်းရှိ အခင်းဖြစ်နေရာအနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းနေရာသို့
ရောက်ရှိစဉ် စပိုက်ဒါ(ခ)အငယ်လေး(ခ)မျိုးမြင့်အောင်မှ အခြားသူတစ်ဦးအား
ဖုန်းဖြင့်ဆက်သွယ် အသိပေးခဲ့ရာ လူငယ်(၂)ဦးရောက်ရှိလာပြီး ဦးချစ်မောင်
လမ်းပေါ်ရှိ ယာဉ်တစ်စီးအား လေးခွဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ မျိုးမြင့်အောင်(ခ)
အငယ်လေးမှ ယာဉ်ကို စက်အသင့်နှိုးခိုင်းထားပြီး ၎င်းလူငယ်(၂)ဦးတက်
ရောက်လာချိန်တွင် ဗိုလ်စိန်မှန်လမ်းအတိုင်းမောင်းနှင်ထွက်ပြေးခဲ့ကြောင်း
သိရှိရပါသည်။
အမှုတွင်ပါဝင်ကျူးလွန်သူ စပိုက်ဒါ(ခ)အငယ်လေး(ခ)မျိုးမြင့်အောင်၊ (၂၇)နှစ်၊
(၃)ရပ်ကွက်၊ သာကေတမြို့နယ်နေသူအား မြောက်ဥက္ကလာပမြို့နယ်ရှိ
တည်းခိုခန်းတစ်ခုမှ ၁၅.၇.၂၀၁၅ ရက်နေ့ ၀၈၀၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး
စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
အမှုနှင့်ပတ်သက်၍ ကျန်ရှိသော ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိပြီး လေးခွ ကုန်းသီးဖြင့်ချောင်းမြောင်းပစ်ခတ်သည့်
အမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်
ဖမ်းဆီးဆောင်ရွက်ခဲ့ပါသည်။
သတင်းဓါတ်ပုံ-Yangon Police.

0 comments:

Post a Comment