Thursday, July 30, 2015

မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်းညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး




မကွေး          ဇူလိုင်       ၂၉
          မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်းညီလာခံအား မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဗဟို) (MJA)မှဦးဆောင်၍ဇူလိုင်လ(၂၉)ရက်နေ့ မွန်လွှဲ(၁)နာရီအချိန်က မကွေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ  အခမ်းအနားတွင် သဘာပတိအဖြစ် ဦးကြည်မင်း(စည်းကမ်းထိန်းသိမ်းရေး-ဗဟို)မှဆောင်ရွက်သည်။
          အခမ်းအနားတွင် ရှေးဦးစွာ သဘာပတိမှ အဖွင့်အမှာစကားပြောကြားပြီး ဦးကျော်စွာမင်း (အတွင်းရေးမှူး-ဗဟို)မှ မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း အလုပ်အမှုဆောင် အဖွဲ့ အသစ်ရွေးချယ်တင်မြှောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
          ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီးအတွင်းရှိ သတင်းထောက်များမှ အလုပ်မှုဆောင် (၁၉)ဦးအား ရွေးချယ်ပြီး ဥက္ကဋ္ဌ၊ဒု-ဥက္ကဋ္ဌ၊အတွင်းရေးမှူး၊တွဲအတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး၊စာရင်းစစ်၊ စည်းရုံးရေးမှူး၊ ညီလာခံကိုယ် စားလှယ်နှင့် ပြန်ကြားရေးမှူးများကိုရွေးချယ်တင်မြောက်ရာ ဦးတင်အောင်ငွေ(နေခြည်-မကွေး)အား ဥက္ကဋ္ဌအဖြစ် အများဆန္ဒသဘောတူညီမှုဖြင့် တင်မြှောက်ခဲ့သည်။
          ဆက်လက်၍ တိုင်းဒေသကြီးသတင်းစာဆရာအသင်းအလုပ်အမှုဆောင်(၁၉)ဦးမှ ကတိသစ္စာ ကျိန်ဆို ကြပြီး ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခံရသော ဦးတင်အောင်ငွေ(နေခြည်-မကွေး)မှ မိတ်ဆက်အမှာစကား ပြောကြားခဲ့သည်။
          ၎င်းနောက် ဦးအောင်သူမြိုင်(ဗဟိုအလုပ်အမှုဆောင် ရုံးအဖွဲ့မှူး)မှ အသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
          အဆိုပါ အလုပ်အမှုဆောင်ပြန်လည်ရွေးချယ်တင်မြောက်ပွဲအား ဇူလိုင်လ(၂၅)ရက်နေ့၊နေ့လည်(၁၂) နာရီအချိန်က မကွေးမြို့နယ်ထွေ/အုပ်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အတွင်းရှိ သတင်းထောက်(၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး အလုပ်အမှုဆောင်သစ်ရွေးချယ်ရာတွင် သဘောထားကွဲလွဲမှု များကြောင့် အောင်မြင်စွာကျင်းပနိုင်ခြင်းမရှိဘဲ၊ထပ်မံ၍ ပြန်လည်ခေါ်ယူကျင်းပရာ သတင်းထောက်(၄၀)ဦး တက်ရောက်ခဲ့ကာ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment