Ko Pyae Phyo and 3 others shared Arakan State's photo. မှ ကူးယူဖော်ပြသည်။
ရခိုင်ပြည်နယ်သို့ မုန်တိုင်း စတင်ဝင်ရောက်၊ အဆောက်အဦးများစွာပျက်စီးဇူလှိုင်လ ၃၀
မြန်မာ- ဘင်္ဂလာဒေ့ရှ့် အနီး ရခိုင်ပြည်နယ်ဘက်ခြမ်းတွင် မုန်တိုင်း စတင် ၀င်ရောက်တိုက်ခတ်နေရာ အဆောက်အဦးများ၊ အိမ်များ၊ သစ်ပင်များ ပြိုလဲ ပျက်စီးသွားပြီ ဖြစ်ကြောင်း သိရသည်။
“ အခု ရသေ့တောင်မြို့နယ် စေတီပြင်ရွာက နယ်စပ်လုံခြုံရေးတပ်စခန်းထဲက
မိသားစုနေထိုင်တဲ့ လိုင်းတန်း (၂) ခု လုံးဝ ပိလဲပြိုကျသွားပါပြီ။ ပီးရင်
အထက်တန်းကျောင်းတွေ ခေါင်မိုးတွေ၊ နံရံတွေလည်း လွှင့်ပါ ပျက်စီးကုန်ပါပြီ။
ရွာထဲမှာ အိမ်တွေ အတော်တော်များများလည်း ပျက်စီးကုန်ပါပြီ” ဟု ဒေသခံ
တစ်ဦးက ယနေ့ နံနက် ၈ နာရီက နိရဉ္စရာသို့ ဖုန်းဆက်ပြောကြားသည်။
ယင်းပြင် လမ်းတစ်လျှောက်တွင် သစ်ပင်များ ဆက်တိုက်ပြိုလဲကျနေပြီး ကျေးရွာအများအပြားတွင် လေမုန်တိုင်း ဒဏ်ကို ခံနေကြရသည်ဟု ဆိုသည်။ ယမန်နေ့က ည နေ ၉ နာရီမှ စတင်ကာ ယခုအချိန်ထိ မုန်တိုင်း တိုက်ခတ်နေဆဲ ဖြစ်သည်ဟု သူက ပြောဆိုသည်။
လက်ရှိ ရရှိသော သတင်းအရ စစ်တွေမြို့နယ် အနောက်ဘက် ပင်လယ်ကမ်းခြေ တစ်လျှောက်နှင့် ရသေ့တောင်မြို့နယ် တောင်ပိုင်း အငှုမော်၊ ဆင်ပိုက်၊ ဒုံးပိုက်နှင့် မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်၊ သင်္ဘောကွေ့ ကျေးရွာတို့တွင် အခြေအနေ မှာ အလွန်ဆိုးရွားနေသည်ဟု သတင်း ရရှိသည်။
ယခု မုန်တိုင်း တိုက်ခတ်နှုန်းမှာ တစ်နာရီ ၇၀ မိုင်နှုန်းခန့် ရှိနိုင်သည်ဟု ဒေသ အာဏာပိုင် တစ်ဦးက ခန့်မှန်း ပြောဆိုသည်။
(သတင်းများ ဆက်လက် ဖော်ပြပေးပါမည်)

0 comments:
Post a Comment