Thursday, July 30, 2015

အရေးပေါ်အခြေအနေကြေညာပြီး စောင့်ရှောက်သင့်ပြီ မိုးလေ၀သပညာရှင် ဦးထွန်းလွင် ပြော

 
 
 
 
 
 
အရေးပေါ်အခြေအနေကြေညာပြီး စောင့်ရှောက်သင့်ပြီ
မိုးလေ၀သပညာရှင် ဦးထွန်းလွင် ပြော
=========================
၂၉..၇..၁၅
- တနိုင်ငံလုံးမိုးကြီးပြီးရေကြီးနေတာကြောင့်အစိုးရအနေနဲ့
အရေးပေါ်အခြေအနေကြေညာပြီးစောင့်ရှောက်ဖို့သင့်ပြီ
လို့မိုးလေဝသပညာရှင် ဦးထွန်းလွင် ကပြောပါတယ်။
-
အထူးသဖြင့်ဆည်မြောင်းတွေကို အလေးထားစောင့်ရှောက်သင့်တယ်လို့ သူကပြောပါတယ်ဘင်္ဂလားပင်လယ်အော်မှာ ဆက်လက်တည်ရှိနေတဲ့
မုန်တိုင်းကြောင့် ချင်း၊ရခိုင်၊မကွေးအနောက်ခြမ်းနဲ့ ဧရာဝတီတိုင်း
တို့မှာမိုးကြီးပြီး ရေကြီးရေလျှံ မှုတွေဆက်လက်ဖြစ်ပွား
  နိုင်တယ်လို့ပြောပါတယ်။
-
ဒီနေ့ကစပြီးနောက် ၄-၅ရက်အတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ
ရေကြီးရေလျှံ မှုတွေအကြီးအကျ ယ် ဖြစ်ပွားနိုင်တာကြောင့်သတိပြုနေ
ထိုင်ကြဖို့လည်း မိုးလေ၀သ ပညာရှင်ကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
====
DVB

0 comments:

Post a Comment