Saw Thar Mg added 4 new photos — with Anp Ann and 49 others. မှ ကူးယူဖော်ပြသည်။
ရခိုင်ပြည်နယ်အတွင်း ရေဘေးအတွက် ရန်ကုန်ရောက် ရခိုင်အသင်းအဖွဲ့စည်းများမှ ဆန်အိပ် ၆၀၀ လှူဒါန်း
ရခိုင်သဟာရအသင်းနှင့်ရခိုင်လူမူအဖွဲ့အစည်းများ စုပေါင်းကော်မတီ(ရန်ကုန်)မှ မင်းပြားမြို့နယ်ရေဘေးဒုက္ခသည်များအတွက် ဆန်အိပ် ၂၀၀ မြောက်ဦးမြို့နယ်ရေဘေးဒုက္ခသည်များအတွက် ဆန်အိပ် ၂၀၀ ကျောက်တော်မြို့နယ်ရေဘေးဒုက္ခသည်များအတွက် ဆန်အိပ် ၂၀၀ စုစုပေါင်း ဆန်အိပ် ၆၀၀ ကို ၃၁-၇-၂၀၁၅-(သောကြာနေ့)လှူဒါန်းလိုက်ပါသည် ဆက်လက်လှူဒါန်းနိုင်ရန် ရခိုင်သဟာရရုံးတွင်ကယ်ဆယ်ရေးအလှူလက်ခံဌာနကိုဖွင့်လှစ်ထားပါသည်
နောက်ဆုံးသတင်းအရ မြောက်ဦးမြို့နယ်ရှိဒေသခံများအဆိုးဆုံးခံနေရပါသည် မြောက်ဦးမြို့ထဲလမ္မပေါ်မှာရေအမြင် ၇ ပေထိရှိနေပြီ လူနေအိမ်ခေါ်မိုးပေါ်တွင် ကလေးသူငယ် သက်ကြီးရွယ်အိုများရှိနေသော်လည်း ကယ်မယ့်သူမရှိဘူးလို့ကြားသိနေရပါသည် စက်လှေမျာ လှည်များမရှိသဖြင့် အသက်ရူံးဆုံးမူများရှိနေကြောင်းနဲ့ မြောက်ဦးမြို့သူများအားလုံးသည် နန်းရာကုန်းပေါ်ရောက်ရှိနေကြောင်းကိုဒေသခံပြည်သူတစ်ဦးမှ သတင်းပေးပို့ချက်အရသိရှိရပါသည်
အားလုံးပူးပေါင်းပါဝင်လှူဒါန်းပေးကြပါရန်တိုက်တွန်းနိုးဆော်အပ်ပါသည်

ပြည်တွင်း/ပြည်ပမှ အလှူရှင်များအောက်ပါအတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါသည်
ဦးလှမောင်သိန်း (သဟာရအသင်း) 095139790
ဦးကျော်ဇောလှ (ကျောက်တော်မြို့နယ်အသင်း) 0973257628
ဦးမြင့်ကျော် (မြောက်ဦးမြို့နယ်အသင်း ) 095064653
ဘဏ်အကောင့် ကမ္ဘောဇဘဏ်ခွဲ(ကျောက်မြောင်း)ရန်ကုန်209;302;12700186101

0 comments:
Post a Comment