Friday, July 31, 2015

ရွှေကျင်မြို့တွင် ရွှေကျင်မြစ်၏ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက် ကျေးရွာများသို့ မြစ်ရေများ ၀င်ရောက်လျက်ရှိ

Tin Aung Htun and လမ်းပေါ်က လူ shared Eleven Media Group's post. မှ ကူးယူဖော်ပြသည်။
 
 
 
 
 
 
 
 
 
 
ရွှေကျင်မြို့တွင် ရွှေကျင်မြစ်၏ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက် ကျေးရွာများသို့ မြစ်ရေများ ၀င်ရောက်လျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရွှေကျင်မြစ်၏ စိုးရိမ်ရေအမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက် အချို့နှင့် ကျေးရွာများသို့ မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိရာ တစ်နေရာနှင့် တစ်နေရာသို့ လှေများဖြင့် သွားလာနေရကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့ပေါ်ရပ်ကွက် ၈ ခုရှိတာ၊ ရပ်ကွက် ၄ ခုလောက်က မြစ်ရေတွေ ရောက်နေပြီ။ ဇီးတောရပ်ကွက်၊ တရုတ္တန်းရပ်ကွက်နဲ့ ပန်းဘဲတန်းရပ်ကွက်တွေမှာ ရေတော်တော် ၀င်နေတယ်။ တစ်နေရာနဲ့ တစ်နေရာ သွားရင် လှေတွေနဲ့ သွားနေရတယ်။ လှေမရှိတဲ့သူတွေက လှေခပေးပြီး သွားလာနေရတယ်။ မန်းကျည်းတန်းရပ်ကွက်မှာလည်း အချို့နေရာတွေမှာ ရေ၀င်နေပြီလို့ ကြားတယ်။ ကျွန်တော်တို့ ရွှေကျင်မြို့က နှစ်တိုင်း ဇူလိုင်လနဲ့ သြဂုတ်လရောက်တိုင်း ရေကြီးနေကြပဲ။ အခုဟာက လပြည့်နေ့ ဒီရေတက်ချိန်နဲ့ တိုးနေတယ်။ မြစ်ရေက လွယ်လွယ်နဲ့ ပြန်မကျမှာကို စိုးရိမ်နေရတယ်” ဟု ရွှေကျင်ကမ်းနားလမ်းနေ ဦးမိုးက ပြောကြားသည်။
“ဒီနေ့ နံနက် ၁၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ် ရေအမှတ်က စိုးရိမ်ရေအမှတ် ၇၀၀ စင်တီမီတာအထက် ၇၅၅ စင်တီမီတာကို ကျော်လွန်ရောက်ရှိနေတယ်။ ရွှေကျင်မြစ်ရေက မဒေါက်မြို့ စစ်တောင်းမြစ်ရေနဲ့ ဆက်စပ်နေတယ်။ စစ်တောင်းမြစ်ရေ (အောက်ရေ)ခံထားတဲ့အတွက် ရွှေကျင်မှာရွာတဲ့မိုးနဲ့ တောင်ကျရေအားလုံးက အောက်ကိုမဆင်းဘဲနဲ့ ရွှေကျင်မြို့နဲ့ ဆက်စပ်ရွာတွေထဲကိုပဲ စီးဝင်နေလို့ မြစ်ရေတွေက မြို့ပေါ်ရပ်ကွက်တွေထဲ အလွယ်တကူ ရောက်နေတယ်။ ကျွန်တော်တို့ မိုးဇလဌာနကလည်း ၂ ရက်အထိ ရွှေကျင်မြစ်ရဲ့ စိုးရိမ်ရေအမှတ် အထက်မှာ ကျော်လွန်နေဦးမယ်လို့ ကြေညာထားတယ်။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေ၀သ အခြေအနေရယ်၊ အောက်ခံစစ်တောင်းမြစ် အခြေအနေအရဆိုရင် ရွှေကျင်မြစ်ရေကတော့ စိုးရိမ်ရေအမှတ် အထက်မှာ တက်လိုက်ကျလိုက်နဲ့ ဖြစ်နေဦးမှာပဲ” ဟု ရွှေကျင်မြို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၃၁ ရက်နေ့က ပြောကြားသည်။
“ဒီရက်ပိုင်းအတွင်း မိုးတွေ အဆက်မပြတ် ရွာပြီးကတည်းက ရေတွေတက်လာတော့တာပဲ။ ဇူလိုင် ၂၉ ရက်နေ့ ညနေလောက်ကတည်းက စပြီး တက်လာတာ။ ကျွန်တော်တို့ခြံထဲမှာကို ခါးလောက်ရှိတယ်။ ကလေးတွေ ကျောင်းသွားဖို့တောင် အခက်အခဲ ဖြစ်နေရတယ်။ တစ်နေရာနဲ့ တစ်နေရာသွားရင် လှေနဲ့သွားနေရတယ်။ လှေက အိမ်တိုင်းမှာမရှိဘူး လှေမရှိတဲ့သူတွေက လှေခပေးပြီးသွားလာနေရတယ်။ လှေခက အနီးအဝေးပေါ် မူတည်ပြီး ပေးရတယ်။ ပုံမှန်ဆို ကျပ် ၂၀၀ ပေးရတယ်။ ကျောင်းသားတွေလည်း ကိုယ့်ရပ်ကွက်က မဟုတ်ရင် လှေခပေးပြီး ကျောင်းသွားရတယ်။ ရွှေကျင်ချောင်းကိုကူးပြီးမှ သွားရတဲ့သူတွေ ဆိုရင်တော့ ကျောင်းသားရော အရပ်သားရော အကုန်လုံး အသွားအပြန်အတွက် ကျပ် ၁၀၀ ပေးရပါတယ်” ဟု တရုတ္တန်းရပ်ကွက်နေသူ တစ်ဦးက ဆိုသည်။
(ရွှေကျင်မြစ်ရေ ၀င်ရောက်နေသဖြင့် ရွှေကျင်မြို့ပေါ် ရပ်ကွက်တွင် လှေများဖြင့် သွားလာနေရသည်ကို ဇူလိုင် ၃၀ ရက်နေ့က တွေ့ရစဉ်)
http://goo.gl/5mNvp7

0 comments:

Post a Comment