Sunday, July 26, 2015

တောင်တွင်းကြီးမြို့နယ်၊ ဂုံပင်ရွာဦးကျောင်းတိုက်၌ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဂုံပင်ရွာဦးကျောင်းတိုက်၌ကျင်းပပြုလုပ်သော တနင်္ဂနွေဓမ္မကျောင်းတော်ဖွင့်ပွဲ အခမ်းအနားအား ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ကကျင်းပခဲ့ပါတယ်။
တနင်္ဂနွေဓမ္မကျောင်းတော်ဖွင့်ပွဲအခမ်းအနားကြီးအား ပင့်ဖိတ်ထားသောသံဃာတော်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျေးရွာအတွင်းမှ မိဘပြည်သူများနှင့် ဓမ္မကျောင်းတော်သို့ တက်ရောက်မည့်ကျောင်းသူ၊ ကျောင်းသားများတက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပေးခဲ့ပြီး ပင်တိုင်ရွာဦးကျောင်းဆရာတော်ဘုရားထံမှ သီလခံယူခဲ့ပါတယ်။
တောင်တွင်းကြီးမြို့ သီရိမင်္ဂလာတိုက်သစ်ကျောင်းဆရာတော် ဦးပညာဝုဓ မှ သြဝါဒစကားမိန့်ကြားပေးခဲပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုအဖွဲ့ခွဲ ၁ ၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာတော်ဦးစန္ဒိမာ(ရန်ကင်းတောရ) မှ သြဝါဒစကားမိန့်ကြားပေးခဲ့ပါတယ်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုအဖွဲ့ခွဲ ၁ ၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ဒုတိယဥက္ကဌ ဆရာကြီး ဦးအောင်မြင့်(မြို့နယ်ပညာရေးမှူးငြိမ်း) မှ ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ရေးအတွက်လျှောက်ထားတင်ပြပေးခဲ့ပါတယ်။
အခမ်းအနားအား နေ့လည် ၁၁ နာရီခွဲအချိန်ခန့်၌ ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနာယက ဦးဝင်းလေး(၀င်းသီရိ)မှ အောင်မြင်သူ၏လို့ဝှက်ချက် ခေါင်းစဉ်ဖြင့် နိဂုံးချုပ်စကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

0 comments:

Post a Comment