Friday, July 31, 2015

မုန်းချောင်းတမံထိပ်မျက်နှာပြင်နဲ့ ၇ ပေ အကွာရေ ရောက်နေပြီး မိုးဆက်ရွာရင် စိုးရိမ် ရကြောင်းသိရသည်။

Tun Tauk and လမ်းပေါ်က လူ shared The Irrawaddy (Burmese Version)'s post. မှ ကူးယူဖော်ပြပါသည်။
 
 
 
 
 
 
 
 
 
 
 
 
 
 
မိုးကြီး၍ ကြီးအုံကြီးဝ၊ မန်း၊ မုန်းတမံများစိုးရိမ်ရ
ဧရာဝတီ
မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် အတွင်းရှိ ကြီးအုံ ကြီးဝ ရေလှောင်တမံ၏ အခြေအနေမှာပင်မရေပို လွှဲမှ ၂၈ ပေနဲ့ အရေးပေါ်ရေပိုလွှဲမှ ၂၄ ပေ ကျော်လျက်ရှိပြီး ဆည်အတွင်း ၀င်ရေပမာဏမှာများပြားပြီး ရေတိုးနေဆဲဖြစ်သလို အောက်ဖက် ၌ မြစ်ရေထောက်ခြင်းကြောင့် ပွင့်ဖြူနယ်ဘက်တွင် ရေမြင့်တက်နေဦး မည်ဖြစ်ကြောင်းသိရသည်။ ယနေ့နံနက် ၈နာရီ ရေမှတ်တမ်းအရ မန်းဆည် ၇ပေ၊ မုန်းဆည် ၃၃ပေ၊ စလင်းတမံ ၅.၇ပေ ရေပိုလွှဲမှ ရေကျော်နေပြီး၊ မိုးအရမ်းရွာပြီး မုန်းရေ အ၀င်ထပ်တိုးလာ သည့်အတွက် အန္တရာယ်ကြီးကြောင်းသိရသည်။ မုန်းချောင်းတမံထိပ်မျက်နှာပြင်နဲ့ ၇ ပေ အကွာရေ ရောက်နေပြီး မိုးဆက်ရွာရင် စိုးရိမ် ရကြောင်းသိရသည်။
..
ဓာတ်ပုံ - စိုးမင်းလွင်

0 comments:

Post a Comment