Friday, July 31, 2015

စေတုတ္တရာနှင့်ပွင့်ဖြူမြို့နယ် ရေကြီးဝင်ရောက်မှု နောက်ဆုံးအခြေအနေအား ပေးပို့တင်ပြခြင်း မင်းဘူး သြဂုတ် ၁

Magway News added 4 new photos. မှ ကူးယူဖော်ပြသည်။
57 mins ·
စေတုတ္တရာနှင့်ပွင့်ဖြူမြို့နယ် ရေကြီးဝင်ရောက်မှု နောက်ဆုံးအခြေအနေအား
ပေးပို့တင်ပြခြင်း
မင်းဘူး သြဂုတ် ၁
စေတုတ္တရာမြို့ မုန်းချောင်းရေနှင့် ဆီးမီးချောင်းရေများ မိုးသည်းထန်စွာ အဆက်အပြတ် ရွာသွန်းမှုများကြောင့် ရေများ ဆက်လက် မြင့်တက်လျက်ရှိပြီး မုန်းချောင်းရေလှောင်တမံ ၏ရေပိုလွှဲပေါက်များမှ ရေများ ထုတ်လွှတ်ထားသော လည်း၊ တမံအပေါ်မှ ရေကျော်ကျနေပြီးဖြစ်ကြောင်း ၊ကြီးအုံ-ကြီးဝဘက်စုံရေလှောင်တမံမှ ရေများသိုလှောင်ထားရှိ၍
ရေများ တောင့်လာကာ စေတုတ္တရာမြို့ပေါ်ထိ ရပ်ကွက်အားလုံး ရေကြီး နစ်မြှပ်လျက်ရှိကြောင်း၊ကုန်မြင့်နေရာတွင် တည်ရှိသော ပြည်သူ့ဆေးရုံ ကုန်းထက်ဝက်အား ရေဖုံးလွှမ်းလျက်ရှိကြောင်း၊ ယာယီကယ်ဆယ်ရေးစခန်းဖွင့်ထားသော ပိတောက်မြိုင် ရပ်ကွက်မှာ
ရေများပတ်လည်ဝိုင်းနေသဖြင့် လေယာဉ်ကွင်းနှင့် အ.ထ.က ကျောင်း
ကုန်းသို့ ပြောင်ရွှေ့ရန်စီစဉ်လျက်ရှိကြောင်း၊ အ.ထ.က ကျောင်း
ဝန်အတွင်းဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမှာလည်း
ရေကြီးလျက်ရှိကြောင်း၊ ၎င်းအနီးရှိ မြောက်ခေတ္တရာ၊ရွာသစ် ရပ်ကွက်များမှာလည်း ရေနစ်မြုတ်လျက်ရှိကြောင်း၊ သြဂုတ်လ(၁)ရက်နေ့ နံနက် (၆း၁၀)နာရီအချိန်ထိ ရေများဆက်လက် တိုးတက်ကြီးမြင့်လျက်ရှိရာ လှိုင်လုံးကြီးများဖြင့် ၀င်ရောက်နေလျက်ရှိပါ ကြောင်း၊ ယခုအချိန်ထိ ဆက်သွယ်ရရှိသော ဖုန်းမှာလည်း ပြတ်တောက်သွားနိုင်ပါကြောင်း
၊ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီရန်အသင့်ရှိသော်လည်း
ရေကြီးနေမှုများကြောင့် ၀င်ရောက်ကယ်ဆယ်ကူညီရန် အခက်အခဲ
များတွေ့ရှိ နေရပါကြောင်း၊စေတုတ္တရာမြို့နယ်၏ ရေကြီးနစ်မြုတ် နေမှုအခြေအနေအား မြို့နယ်မီးသတ်စခန်းကုန်းပေါ်မှ တွေ့မြင်နေရ မှုအခြေအနေကို မြို့နယ် ပြန်/ဆက် ရုံး စာရေး ဒေါ်ခင်မာကြည်၏ ဆက်သွယ်ပြောပြ သတင်းပေးပို့မှုများဖြင့် သိရှိရပါ ကြောင်းတင်ပြအပ်ပါသည်။
ပွင့်ဖြူမြို့နယ်အနေဖြင့် ယမန်နေ့ ရေကြီးနေမှုများထက် အနည်း
ငယ်မြင့်တက်လျက်ရှိပါကြောင်း၊ယမန်းနေ့မှ ကယ်ဆယ်ကူညီ
ထားသော ရေးဘေးပြည်သူများအား မြို့နယ်၏တောင်ဘက် ကုန်မြင့်ပိုင်းတွင်းရှိသော ၀ါတပ် စခန်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိကူညီ ဆောင်ရွက်ပေးနေလျက်ရှိကြောင်၊ ကံသာကြီးကျေးရွာ စံပြကျေးရွာများရှိ အ.ထ.က ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ
တွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကူညီ ဆောင်ရွက်
ပေးနေလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိသူများလည်း စံပြကျေးရွာ အခြေပြု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား
ဖြည့်ဆည်းပေးနေလျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment