မြို့သစ် ဇူလိုင်၁၅
မြို့သစ်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖွဲ့စည်းထားသောရဲပရဟိတအသင်းကမြို့
နယ်ရဲတပ်ဖွဲ့ဝင်( ၂ )ဦးအတွက်နာရေးကူညီမှုထောက်ပံ့ငွေပေးအပ်ပွဲကို ဇူလိုင်လ ၁၅
ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှုးရုံး အစည်းအဝေး ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ရဲထွဋ် က ထောက်ပံ့ငွေ ပေးရခြင်း
နှင့်ပတ်သက်၍ ပေးအပ်သည့် ငွေပမာဏအပေါ်နည်းသည် များသည် မဆိုထားပဲ
ရဲဘော် အချင်းချင်း စည်းလုံးညီညွတ်စွာတက်ညီ လက်ညီ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားစေရန်မှာ
ကြားပြီးမြို့သစ်မြို့မစခန်းမှုးကံဘိုနှင့်တပ်ဖွဲ့ဝင်မိသားစုများကပါရဲ ပရဟိတအဖွဲ့အပေါ်
ငွေအား လုပ်အားဒါနများဖြင့် အမြဲတမ်းရေရှည်တည်တံ့အောင်လုပ်ကိုင်ဆောင်ရွက်
သွားမည်ဖြစ်သည်။
ဆက်လက်၍ ထောက်ပံ့ငွေများကိုရဲမှူးရဲထွဋ်ကဝါးကြီးအိုင်တိုက်နယ်ရဲစခန်း
နေကွယ်လွန်သူရဲ ဒုတပ်ကြပ်ဝင်းဇော်၏ဇနီးဒေါ်ခင်မာစုအားနာရေးထောက်ပံ့ငွေ
၁သိန်း ဒန့်ဒလွန်ပင်နယ်မြေစခန်းမှကွယ်လွန်သူရဲတပ်သားဇော်ဇော်အောင်၏ဖခင်ဖြစ်သူဦး
အောင်မောင်းအားနာရေးထောက်ပံ့ငွေ၁ သိန်း တိုကိုထောက်ပံ့ပေးခဲ့သည်။
ရဲပရဟိတအသင်းတွင် မြို့သစ်မြို့မစခန်းမှုးနှင့်တပ်ဖွဲ့ဝင်မိသားစုများက
အသင်းအတွက် တိုးတက်လာစေရန်အချိန်ပြည့်လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်
ကြောင်းသိရသည်။မကွေးသတင်းစုံ
0 comments:
Post a Comment