Wednesday, July 29, 2015

၂၀၁၅-၂၀၁၆၊ဘဏ္ဍာရေးနှစ်အစတွင်သရက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရံပုံငွေဖြင့်ပြုလုပ်သည့် မြို့နယ်တွင်း

မကွေတိုင်းဒေသကြီး သရက်မြို့ မြို့လည်ခေါင်ဈေး
အနီးရှိရေမြောင်းများရေစီးရေလာကောင်းမွန်ရေး
လမ်းမျာပေါ်တွင်ရေမ၀ပ်ဘဲကောင်မွန်ရေျးဈးရပ်
ပရိက္ခရာလမ်းတွင်လမ်းမတော်လမ်းမှစီးဆင်းလာ
ျသောရေများရေစီးမြောင်းအတိုင်းသွားမရဘဲ
စည်ပင်နယ်နမိတ်ကျူးကျော်ထားသည့် အုတ်ခုံလှေ
ကားများဈေးဆိုင်များအားစနစ်တကြဖြစ်စေရေးအ
တွက်မြို့နယ်ကော်မတီသုံးရပ်ဖြစ်သည့် စီမံခန့်ခွဲမှု
ကော်မတီ ဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှုး)၊မြို့နယ်
ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုဥက္ကဌနှင့်အဖွဲ့
ဝင်များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ
နှင့်အဖွဲ့များက ဇွန်လ ၂၇ ရက်နေ့နံနက်ကကွင်းဆင်း
စစ်ဆေးခဲ့ပြီးရေစီးရေလာကောင်းမွန်ရေးအတွက်
စည်ပင်သာယာအမှုဆောင်အရာရှိနှင့် စည်ပင်အင်ဂျင်
နီယာတို့အားလမ်းညွှန်မှာကြားခဲ့ပြီးအမြန်ဆုံးဆောင်
ရွက်သွားပါမည်ဟုကတိက၀တ်ပြုခဲ့သော်လည်း
မြို့နယ်စည်ပင်သာယာမှယနေ့ထိဆောင်ရွက်ပေးခြင်းမရှိပါသဖြင့်မိုးရွာနေချိန်ပရိက္ခရာလမ်းသည်ချောင်းသဖွယ်ရေများစီးနေသဖြင့်လမ်းသွားလမ်းလာပြည်သူ
များစိတ်အနှေက်အယှက်ဖြစ်နေကြောင်းသိရသည်
၂၀၁၅-၂၀၁၆၊ဘဏ္ဍာရေးနှစ်အစတွင်မြို့နယ်စည်ပင်
သာယာရေးအဖွဲ့ရံပုံငွေဖြင့်ပြုလုပ်သည့် မြို့နယ်တွင်း
သာယာလှမှုလုပ်ငန်းများ၊လမ်းတံတားလုပ်ငန်းများ
ပီပြင်ကောင်းမွန်မှုမရှိကြောင်း၊အထက်ထားအောက်ဖိ
  ဖြစ်နေကြောင်း လာရောက်စစ်ဆေးသည်မှာတစ်လ
  ပြည့်ခဲ့ပြည်သူ့န္ဒကိုလှစ်လီရူထားကြောင်းပြည်သူများကဝေဖန်ပြောဆိုနေကြောင်းသိရသည်။

0 comments:

Post a Comment