Thursday, July 30, 2015

စေတုတ္တရာမုန်းတမံ နံနက် ၇း၀၇ အခြေအနေ

စေတုတ္တရာမုန်းတမံ နံနက် ၇း၀၇ အခြေအနေ
***********************************
ညကမိုးအဆက်မပြတ်ရွာတာအခုမနက်ထိရွာလျက်ရှိတာကြောင့်စိုးရိမ်ရေအမှတ်က ၅၄၂.၂ ကိုရောက်သွားပါပြီ။တမံဆိပ်နဲ့အနီးဆုံးရွာတွေဖြစ်တဲ့ခြင်ပြစ်ကိုင်းအောက်ပုံအလယ်ပုံနဲ့သရန်ကိုင်းရွာတွေ ကတော့အားချင်းရွေ့ပြောင်းနေကြသလိုစေတုတ္တရာမြို့ပေါ်ကဒေသခံတွေလည်းစတိုးဆိုင်ကုန်စုံဆိုင်တွေတောင် ကုန်ပစ္စည်းတွေကိုရနိုင်သလောက်သယ်တဲ့အခြေအနေကိုရောက်သွားပါပြီ။ ရေကတမံကိုကျော်ဖို့ရာခိုင်နှုန်း များနေတဲ့အခြေအနေဖြစ်ပါတယ်။ဆီးမီးချောင်းရေကလည်းထပ်တိုးလာပြီးကြီးအုံကြီးဝအောက်တမံ နဲ့စေတုတ္တရာမြို့အကြားမိုင် ၂၀အတွင်းမှာလည်းတောင်တန်းကြီးတွေကကမ်းပါးယံတွေဖြစ်သွားပြီးရေပြင်ကျယ်ပြီးဖြစ်လျက်ရှိနေပါတယ် ။ရေကစေတုတ္တရာမြို့ထဲကိုအထက်ဖက်တမံပေါ်ကရေကျော်ကြလာဖို့အခြေအနေရယ်မြို့အောက်ဖက်ကရေက လျှံတက်လာတာရယ်ကြောင့်အန္တရာယ်အရှိဆုံးအခြေအနေရောက်သွားပါပြီလို့ ဒေသခံတစ်ဦးဖြစ်သူဦးမြင့် (မုဒိတာစတိုး)ကအတည်ပြုပြောပါတယ်။သူကိုယ်တိုင်လည်းသူတို့မိသားစုကိုဘေးလွတ်ရာမီးသတ်ကုန်ြး မင့်ပေါ်ပို့ထားပြီးစတိုးဆိုင်ကကုန်ပစ္စည်းတွေကိုနိုင်သလောက်ရွေ့ပြောင်းလျက်ရှိနေပါတယ်။
၃၀၊၇၊၂၀၁၅။

0 comments:

Post a Comment