ဂန့်ဂေါ ဇူလိုင်
၂၅
၂၀၁၅
ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့ ညနေ (၃) နာရီက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊
ဂန့်ဂေါမြို့နယ်၊ ရေရှင်မ ကျေးရွာအနီး ကလေး-ဂန့်ဂေါ သွားကားလမ်း မိုင်တိုင်အမှတ်
၁၈/၆ နှင့် ၁၈/၇ ကြားတွင် ကလေးမြို့မှ ဂန့်ဂေါမြို့သို့ ဂန့်ဂေါမြို့နယ်၊
မဲကျေးရွာနေ မင်းနိုင်(၂၉)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဇနီးဖြစ်သူ
မအေးအေးဝင်း(၂၅)နှစ် စီးနင်းလိုက်ပါလာသော နံပါတ်မပါ NEW ANBO-125
အနက်ရောင်ဆိုင်ကယ်သည် လမ်းအလယ်၌ ဂန့်ဂေါဘက်မှ ကလေး မြို့ဘက်သို့ ဂန့်ဂေါ မြို့နယ်၊
မြင်သားကျေးရွာနေ ဦးငွေ (၅၂) နှစ် NEW ANBO-125 အနက်ရောင် ဆိုင်ကယ်တို့
မျက်နှာချင်း ဆိုင် တိုက်မိ၍ ဦးငွေသည် ယာမျက်လုံးအောက်ပေါက်ပြဲ၊ အပေါ်နှုတ်ခမ်း
ပေါက်ပြဲ၊ ဝမ်းဗိုက်ပွန်း ဒဏ်ရာဖြင့် ဂန့်ဂေါဆေးရုံတွင် သေဆုံးသွားပြီး
မင်းနိုင်နှင့် မအေးအေးဝင်း တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့်
ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးငွေနှင့် မင်းနိုင် တို့အား ဂန့်ဂေါမြို့နယ်၊
ကန်နယ်မြေ ရဲစခန်း ယာဉ် (ပ)၁၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/ ၃၃၇/ ၃၃၈ အရ
အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment