Friday, July 31, 2015

ကလေးမြို့နယ်တွင် စံချိန်တင် ရေကြီး၊ ရေဆက်တိုးနေ၍ ရေဘေး ဒုက္ခသည်စခန်းများ အကြိမ်ကြိမ် ပြောင်းရွှေ့နေကြရ

Kotoe Mogok and 3 others shared Eleven Media Group's post. မှ ကူးယူဖော်ပြပါသည်။
 
 
 
 
 
 
 
 
 
ကလေးမြို့နယ်တွင် စံချိန်တင် ရေကြီး၊ ရေဆက်တိုးနေ၍ ရေဘေး ဒုက္ခသည်စခန်းများ အကြိမ်ကြိမ် ပြောင်းရွှေ့နေကြရ
ကလေးမြို့နယ် အတွင်းတွင် စံချိန်တင် ရေကြီးခဲ့ပြီး ရေဆက်လက် တိုးလာသောကြောင့် ရေဘေးဒုက္ခသည်စခန်းများ အကြိမ်ကြိမ် ပြောင်းရွှေ့နေကြရသည်ဟု သိရှိရပါသည်။
“ကလေးမြို့မှာ ရေတက်လာတာ ၃ ရက် ရှိပါပြီ။ အခုဆိုရင် ရေက ကလေးမြို့ ပြည်တော်ချစ် ရုပ်ရှင်ရုံနားကို ကပ်လာပါပြီ။ လွန်ခဲ့တဲ့ ရေအကြီးဆုံးဆိုတဲ့ အရင်က ဖွင့်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေ ရေပြန်နစ်တော့ ပြန်ပြီး ပြောင်းရွှေ့နေရပါတယ်။ အာဏာပိုင်တွေရဲ့ ကယ်ဆယ်ရေးကလည်း ထိထိရောက်ရောက် မရှိပါဘူး။ ကျေးရွာတွေဘက်ဆိုရင် တော်တော်ကို မလွယ်ဘူး။ ဒေသခံတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် စက်လှေတွေ ရှာငှားပြီးတော့ ကယ်ဆယ်ရေးလုပ်တယ်။ ကားဘောကျွတ်တွေကို ဖောင်လုပ်ပြီး ကယ်ဆယ်ရေး လုပ်ကြပါတယ်။ တချို့ ဒေသခံတွေကလည်း ကိုယ့်အိမ်ကို မစွန့်ချင်တော့ ဖြစ်သလို ကုတ်ကတ်နေကြတယ်။ ပြောင်းရွှေ့ဖို့ ခေါ်တာ ခေါ်မရဘူး။ တကယ်လို့ ရေက တရကြမ်း ထပ်တက်လာမယ် ဆိုရင်တော့ အသက်အန္တရယ် အတွက်ပါ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြို့ပေါ်မှာတော့ ပြောင်းကြရွှေ့ကြနဲ့ ကမ္ဘာပျက်နေသလိုပါပဲ” ဟု ကလေးမြို့ ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ရေဘေးကယ်ဆယ်ရေးအတွက် အဓိက လိုအပ်ချက်မှာ စက်လှေများဖြစ်ပြီး ကျေးရွာများတွင် အိမ်စောင့်ကျန်နေသော သူများ၏ စားဝတ်နေရေးနှင့် ရေဘေးကယ်ဆယ်စောင့်ရှောက်ရေး အတွက်လည်း လိုအပ်မှုများ ရှိနေပါသည်ဟု သိရှိရပါသည်။
“ရာဇဂြိုဟ်ဆည်ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်နေတယ်လို့ သိရပါတယ်။ ရာဇဂြိုဟ်ရွာရဲ့ အနိမ့်ပိုင်းဒေသက အိမ် ၁၀ လုံးခန့် ပြောင်းရွှေ့လိုက်ရတယ်လို့ သိရပါတယ်။ ကလေးမြို့ထဲမှာလည်း ရုပ်ရှင်ရုံအနီးထိ ရေတွေရောက်နေတယ်။ ဆည်ရေလွှတ်ချလိုက်ရင်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေ အရူးမီးဝိုင်းပြီး ကမ္ဘာပျက်သလို ဖြစ်နေတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆည်နဲ့ပတ်သက်ပြီး တိကျတဲ့ ထုတ်ပြန်ကြေငြာချက်မျိုး မထုတ်ပြန်ခဲ့ဘူး။ အခုည ၁၂ နာရီအထိ ရေတက်နေဆဲပဲ” ဟု ဒေသခံ သတင်းထောက်တစ်ဦးက ဇူလိုင်လ ၃၀ ရက်နေ့ညတွင် ပြောကြားခဲ့ပါသည်။
http://goo.gl/w2uSXx

0 comments:

Post a Comment