Nyine Nyine Chit and MyanmarDaily.net shared Eleven Media Group's post. မှ ကူးယူဖော်ပြသည်။
Eleven Media Group added 2 new photos.
ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် အောင်လံအနိမ့်ပိုင်း ရပ်ကွက်များထဲသို့ ရေ၀င်ရောက်သဖြင့် ကမ်းနားရှိနေအိမ်များ ပြောင်းရွေ့ခဲ့ရကြောင်း သတင်းရရှိပါသည်။
ဇူလိုင် ၃၀ ရက်နေ့ ညနေမှ စတင်ပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့်
အောင်လံမြို့ ဘိုကုန်းရပ်ကွက်၊ သရက်တောရပ်ကွက်နှင့်
ကန်ကြီးရပ်ကွက်များထဲသို့ ရေ၀င်ရောက်ခဲ့ပြီး ယင်းရပ်ကွက်များထဲရှိ
ကမ်းနားလမ်းနေအိမ်များရှိ ဒေသခံများ ပြောင်းရွေ့ခဲ့ရကြောင်း
သတင်းရရှိပါသည်။
“မနေ့က ညနေပိုင်းကတည်းက ရေ၀င်လာတာ။ ကမ်းနားမှာရှိတဲ့ အိမ်တွေကတော့
အကုန်လုံး ပြောင်းကုန်ကြပြီး။ အိမ်ထောင်စု ၇၀ ကျော်လောက် ရှိမယ်။ လက်ရှိ အဲ့ဒီလူတွေကို ပရဟိတအဖွဲ့တွေ ဌာနဆိုင်ရာတွေက နေရာချထားပေးတာတွေ ရှိသလို။ တချို့ကျတော့လည်း နီးစပ်ရာ အိမ်တွေမှာ ကပ်နေကြတာတွေ ရှိပါတယ်။ ရေက အထက်ပိုင်းမှာ မိုးများနေတော့ ဆက်တက်လာဖို့ ရှိတယ်။ လက်ရှိမှာတော့ ကမ်းနားဘက်က အိမ်တွေလောက်ပဲ ရေမြုပ်သေးတယ်။ လမ်းမတော်လမ်းကိုတော့ တက်မလာသေးဘူး” ဟု ဘိုကုန်းရပ်ကွက်နေသူ တစ်ဦးက ပြောပါသည်။
အလားတူ အောင်လံနှင့် သရက်ကြားရှိ ရေလယ်ကျွန်း ကျေးရွာတွင်လည် ရေများဝင်ရောက်နေသဖြင့် ရွာလုံးကျွတ် ပြောင်းရွေ့မှုများ ပြုလုပ်နေရကြောင်း၊ လက်ရှိရေဘေးကြောင့် ပြောင်းရွေ့နေရသူများကို ဌာနဆိုင်ရာ အဖွဲ့အစည်းများက ကူညီပြောင်းရွေ့ပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။
(အောင်လံ ရပ်ကွက်များ ရေ၀င်ရောက်သဖြင့် ပြောင်းရွေ့နေရစဉ်)
http://goo.gl/hqC5Hf

0 comments:
Post a Comment