သရက် ဇူလိုင်
၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ရဲတပ်ဖွဲ့
မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ခုနှစ်၊ ဇွန် ၃၀ ရက်နေ့ နံနက် (၄း၁၅) အချိန်ခန့်တွင်
သက်သေများနှင့်အတူ မြို့ပေါ်ရပ်ကွက်များတွင် လှည့်ကင်း တာဝန် ဆောင် ရွက်နေစဉ်
ပြည်တော်အေးရပ်ကွက်၊ မင်းတုန်းလမ်းနှင့်မြို့ပတ်လမ်းဆုံ အခွန်လွတ် ဈေးအနီးသို့
ရောက်ရှိ စဉ် သရက်-မင်းတုန်းကားလမ်းအတိုင်း မောင်းနှင်လာသော ဆိုင်ကယ် (၂)စီး အား
မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
သရက်မြို့၊
တောင်မင်းတည်းရပ်၊ သိမ်ကြီးလမ်းတိုးချဲ့ရပ်ကွက်နေ အောင်လေး(ခ) အောင်အောင် (ခ)
ချစ်စန်းအောင်၊ ၂၆နှစ် မောင်းနှင်လာသော တာရမ်း ၁၂၅ ဆိုင်ကယ်အတွင်းမှ ဟာဝေး
အမျိုးအစား ဖုန်း (၂)လုံး (ဆင်းကဒ်ပါ) နှင့် တစ်ရပ်ကွက်တည်းနေ ဇော်ထက်(ခ)
နေလင်းမောင်၊ ၁၉နှစ်မောင်း နှင်ပြီး ၊ နောက်မှ အောင်ကို(ခ)အောင်ကိုကိုဌေး၊ ၁၆နှစ်
လိုက်ပါလာ သည့် ကန်ဘို ၁၁ဝ ဆိုင်ကယ် အတွင်းမှ ဟာဝေးအမျိုးအစား
လက်ကိုင်ဖုန်း(၂)လုံး(ဆင်းကဒ်ပါ) တို့အား တွေ့ရှိသဖြင့် စစ်မေး မေးမြန်းခဲ့ရာ
၎င်းတို့မှ ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံ တစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိ
သဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟုမသင်္ကာသူ အောင်လေး(ခ) အောင်အောင်(ခ)
ချစ်စန်းအောင်ပါ (၃)ဦးအား သရက် မြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၁၁/၂ဝ၁၅၊
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment