Friday, July 31, 2015

မုန်းတမံ၏ အခြေအနေမှာ ယနေ့နေ့လည် ၁၂နာရီတွင် ဆည်ရေမှာ တမံ ထိပ်မျက်နှာပြင်နှင့် ၄ .၈)ပေသာ

Maung Yaychang shared Myanmar Model Girls's photo — with Tin Zaw and 22 others. မှ ကူယူဖော်ပြပါသည်။
1 hr ·
ဒါက ဧရာဝတီ က နောက်ဆုံးရ သတင်းဖြစ်ပါတယ်
မုန်းတမံထိပ်ရေ ရောက်ရန် ၄ပေခန့်သာလိုတော့
မုန်းတမံ၏ အခြေအနေမှာ ယနေ့နေ့လည် ၁၂နာရီတွင် ဆည်ရေမှာ တမံ ထိပ်မျက်နှာပြင်နှင့် ၄ .၈)ပေသာ ကွာဝေးတော့ပြီး ရေပိုလွှဲမှ ၃၅. ၂ပေ ကျော် ဆင်းနေပြီဖြစ်သည်။ လက်ရှိအခြေအနေမှာ
စေတုတ္တရာမြို့၏ သီဟရပ်ကွက် ဇေယျရပ်ကွက် ဝဏ္ဏရပ်ကွက် လယ်ပြင်စုရပ်ကွက် ဗန္ဓရရပ်ကွက် တောင်ခေတ္တရာရပ်ကွက် မြောက်ခေတ္တရာရပ်ကွက်
စံပြရပ်ကွက် အနိမ့်ပိုင်းများအားလုံး ရေဖုံးလွှမ်းသွားပြီ ဖြစ်ပြီး၊ ဈေးအပေါ်ပိုင်းနှင့် တယ်လီဖုန်း အိတ်ချိန်းရှိရာ အမြင့်ပိုင်းသာ ကျန်တော့ကြောင်း၊ မြို့သူမြို့သားများ ပြောင်းရွေ့နေထိုင်သော တောင်အမြင့်ပိုင်းများတွင် စက်လှေများမှာလည်း မုန်းချောင်းရေကို ဖြတ်ကူးရန် မဖြစ်နိုင်ကြောင်း သောက်သုံးရေ ပြတ်လပ်လျှက်ရှိပြီး မိုးရေကို သောက်သုံးနေကြရကြောင်း မကြာမီစားသောက်စရာများလည်း ပြတ်လပ်သွားနိုင်ကြောင်း စေတုတ္တရာရေဘေးကာကွယ်ရေးအဖွဲ့၏

 ပြောဆိုချက်အရသိရသည်။

0 comments:

Post a Comment