Monday, July 6, 2015

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မကွေးတိုင်းဒေသကြီး တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့်တွေ့ဆုံ




မကွေး ဇူလိုင် ၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် မကွေးတိုင်းဒေသကြီး တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ပညာရေးဌာနမှ ဆရာ/ဆရာမများတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီကမကွေးအထက(၁)ပန်းဟေ၀န်ခန်းမ၌ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုသမ္မတ
 မြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့်အတူမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊
ဒုတိယ၀န်ကြီးများတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတို့သည် မကွေး အထက (၁)သို့ရောက်ရှိ၍ ကျောင်းဆောင်များ အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီးနောက် ပန်းဟေ၀န်ခန်းမတွင် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့်တွေ့ဆုံခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးအောင် ကျော်မင်းက ပညာရေးဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းက မကွေး အထက (၁) (၂)(၃)(၄)မှထူးချွန်ကျောင်းသား/ကျောင်းသူများအတွက် ကျပ်သိန်း(၁၀၀)ကို တိုင်းဒေသကြီိးပညာရေးမှူးထံ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ပြီး မကွေးအမှတ် (၁)(၂)(၃)(၄) အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဆားစည့်)ကျောင်းများအတွက် ကွန်ပျူတာ၊ကျောင်းသုံးဗလာစာအုပ်နှင့်အားကစားပစ္စည်းများကို ကျောင်းအုပ်ကြီးများထံပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်း မောက်ခမ်းက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆားစည့်)မှ
 ကျောင်းသား/ကျောင်းသူလေးများက ပြည်မြန်မာ သီချင်းဖြင့်သီဆိုဧည့်ခံကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment