Friday, July 31, 2015

ရွေးကောက်ပွဲ မဝင်လည်း သမ္မတ ဖြစ်နိုင်ဟု ဦးသိန်းစိန် ပြောဆို။

ရွေးကောက်ပွဲ မဝင်လည်း သမ္မတ ဖြစ်နိုင်ဟု ဦးသိန်းစိန် ပြောဆို။
===============================================
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ Nikkei Asian Review နဲ့ တွေ့ဆုံ
မေးမြန်းခန်းတခုမှာ သမ္မတအဖြစ် ဒုတိယသက်တမ်းထမ်းဆောင်ဖို့ ဆန္ဒ
ရှိတယ်လို့ ပြောလိုက်ပြီး
ရွေးကောက်ပွဲ မဝင်လည်း သမ္မတ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ လူငယ်
တွေနဲ့ လူလတ်ပိုင်းတွေထဲမှာ တိုင်းပြည်ကို ထိန်းကျောင်းတည့်မတ်နိုင်သူ
အနည်းငယ်ပဲ ရှိတယ်လို့ ဆိုပါသေးတယ်။ ပြည်ထောင်စုလွှတ်တော် နာယက
လည်းဖြစ်၊ လက်ရှိကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဌလည်းဖြစ်သူ သူရဦးရွှေမန်းနဲ့ ပါတီတွင်းပြဿနာကို ထုတ်ဖော်ဝန်ခံခဲ့ပြီး ပြည်ထောင်စု အဆင့် ဝန်ကြီးတွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကို ကြံ့ခိုင်ရေးပါတီရဲ့
ရွေးကောက်ခံကိုယ်စားလှယ်တွေအဖြစ် ဆက်မထားတော့တာကို ဝေဖန်
လိုက်ပါတယ်။ ဒီလူတွေ ပုဂ္ဂလိကအနေနဲ့ ရွေးကောက်ပွဲဝင်နိုင်ကြောင်း
ပြောပါတယ်။
(ဧရာဝတီ)

0 comments:

Post a Comment