Friday, July 31, 2015

မကွေးတိုင်းအတွင်း မုန်းချောင်းနှင့်မန်းချောင်း ရေကြီးကာ တမံများ၏ ရေပိုလွှဲမှ လျှံကျသော ရေများကြောင့် မြို့နယ်လေးခုအတွင်း သိန်းနှင့်ချီသောလူများ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

Eleven Media Group added 5 new photos. မှ ကူးယူဖော်ပြသည်။
8 mins · Edited ·
မကွေးတိုင်းအတွင်း မုန်းချောင်းနှင့်မန်းချောင်း ရေကြီးကာ တမံများ၏ ရေပိုလွှဲမှ လျှံကျသော ရေများကြောင့် မြို့နယ်လေးခုအတွင်း သိန်းနှင့်ချီသောလူများ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရ
မကွေးတိုင်းအတွင်း မုန်းချောင်းနှင့် မန်းချောင်းရေကြီးကာ မုန်းတမံနှင့် မန်းတမံများ၏ ရေပိုလွှဲမှ လျှံကျသော ရေများကြောင့် ဇူလိုင် ၃၁ ရက်နေ့က စေတုတ္တရာ၊ ပွင့်ဖြူ၊ ငဖဲ၊ စကု မြို့များနှင့် ယင်းမြို့နယ်များအတွင်း ကျေးရွာပေါင်း ၃၀၀ ကျော်မှ သိန်းနှင့်ချီသောလူများအပါအ၀င် နွား၊ ၀က် စသည့်တိရိစ္ဆာန်များပါ ရေဘေးလွတ်ရာရွှေ့ပြောင်းနေရပြီး သောက်သုံးရေ၊ အစားအသောက်နှင့် မိုးကာများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
မုန်းချောင်းရေလျှံမှုကြောင့် မုန်းတမံအောက် အနီးဆုံးနေရာရှိ စေတုတ္တရာမြို့နှင့် ယင်းမြို့နယ်အတွင်း မုန်းချောင်းဝဲယာ ကျေးရွာများမှ လူနှင့် တိရိစ္ဆာန်များ ဇူလိုင် ၂၉ ရက်နေ့ ညကတည်းက ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ စေတုတ္တရာမြို့သို့ သွားရောက်ရာ ကားလမ်းများတွင် တောင်ကျချောင်းများ တည်ရှိသောကြောင့် လုံးဝသွားလာမရတော့ကြောင်း ထို့အပြင် ဖုန်းလိုင်းများလည်း လုံးဝ ပြတ်တောက်သွားခဲ့ကြောင်း ယင်းအခြေအနေများကြောင့် ရေဘေးရှောင်ရသူများအတွက် သောက်သုံးရေ၊ အစားအစာနှင့် မိုးကာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
"ရေကမြို့ထဲကို မနေ့ကညနေက စပြီးဝင်တာပါ။ မနက်အစောကြီးက ရေတွေထပ်တိုးလာတော့ အနိမ့်ပိုင်းရပ်ကွက်တွေက လူတွေက မြို့ပြင်ကို ထွက်ကြပေမယ့် တချို့ကတော့ မထွက်ကြသေးပါဘူး။ ရေတွေထပ်တိုးလာလို့ မြို့ပေါ်ရပ်ကွက်တွေအားလုံး ရေ၀င်တဲ့အချိန်မှ မြို့ပြင်ကို စုထွက်ကြတော့ တချို့လည်း ထွက်မရဘဲ ပိတ်မိနေကြပါတယ်။ တချို့အသက်ကြီးသူတွေက ရေအရမ်းတက်လာတဲ့အချိန်မှာ ရှိတဲ့ တံခါးပေါက်ကနေ အပြင်ထွက်ဖို့ကိုပဲ အဆင်မပြေတာတွေ ရှိပါတယ်။ ရေတွေက မြို့ထဲကနေတစ်ဆင့် မြေနိမ့်ပိုင်းအတိုင်း စီးသွားမှာဆိုတော့ ဧရာဝတီမြစ်ရောက်တဲ့အထိ ကြားထဲက ရွာတွေအားလုံး ရေတွေ ၀င်ကုန်တော့မှာပါ" ဟု ပွင့်ဖြူမြို့မှ ရေဘေးရှောင်လာသူတစ်ဦးက ပြောသည်။
မုန်းချောင်းဘေး မုန်းတမံ၊ ကြီးအုံကြီးဝတမံနှင့် လင်းဇင်းဆည်များအောက်ဘက်ရှိ ပွင့်ဖြူမြို့နှင့် မုန်းချောင်းဘေးဝဲယာရှိ ကျေးရွာပေါင်း ၁၀၀ ကျော်အပါအ၀င် ပွင့်ဖြူမြို့နှင့် ဧရာဝတီမြစ်အကြားရှိ ကျေးရွာပေါင်း ၁၀၀ ခန့်မှ သိန်းနှင့်ချီသောလူများလည်း ဇူလိုင် ၃၁ ရက်နေ့ နံနက်စောပိုင်းမှစ၍ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရကြောင်း၊ထိုသို့ရွှေ့ပြောင်းနေစဉ်မှာပင် ပွင့်ဖြူမြို့ဝင် ဆိုင်းဘုတ်အနီး လက်ခုပ်ကျေးရွာမှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ရေနစ်မျောပါသွားခဲ့ကြောင်း၊ မုန်းချောင်းရေများ ထပ်မံမြင့်တက်လာသောကြောင့် ပွင့်ဖြူမြို့နယ် ဆေးရုံမှ လူနာများ၊ နေအိမ်များမှ သက်ကြီးရွယ်အိုများ မြို့ပြင်သို့ မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြောင်း၊ ပွင့်ဖြူမြို့သို့ မကွေး၊ မင်းဘူး၊ မင်းလှ စသည့်မြို့နယ်များမှ နိုင်ငံရေး လူမှုရေး အသင်းအဖွဲ့များ၊ မီးသတ်၊ ရဲ၊ တပ်မတော် တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့သော်လည်း သောက်သုံးရေနှင့် အစားအစာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ထိုသို့ ရေကြီးရေလျှံမှုများကြောင့် ဧရာဝတီမြစ်နှင့် မုန်းချောင်းအကြားကျွန်းများပေါ်ရှိ ကျေးရွာအချို့မှ လူနှင့်တိရိစ္ဆာန်များ ရွှေ့ပြောင်းရန် အခက်အခဲများကြုံတွေ့နေပြီး ပိတ်မိနေကြောင်း ပွင့်ဖြူမြို့နယ်အတွင်းမှ ရေဘေးရှောင်သူများမှာ နီးစပ်ရာကျေးရွာများမှ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဋ္ဌာနဆိုင်ရာ အဆောက်အဦများတွင် ယာယီနေထိုင်နေကြကြောင်း သိရသည်။
Read More ===>http://goo.gl/fyM9vK
Eleven Media Group's photo.

0 comments:

Post a Comment