Thursday, July 30, 2015

အကျဉ်းသား ၆၉၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် စာရင်းတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသော သစ်ခိုးထုတ် တရုတ်နိုင်ငံသားများ ပါဝင်

Eleven Media Group added 3 new photos. မှ ကူးယူဖော်ပြသည်။
7 mins ·
အကျဉ်းသား ၆၉၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် စာရင်းတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသော သစ်ခိုးထုတ် တရုတ်နိုင်ငံသားများ ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြ
မြန်မာအစိုးရက ဇူလိုင် ၃၀ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၆၉၆၆ ဦးတွင် တရားမ၀င် သစ်ခုတ်ထုတ်သူ တရုတ်နိုင်ငံသား ၁၅၅ ဦးပါဝင်ကြောင်း အဆင့်မြင့်အရာရှိ တစ်ဦးက အတည်ပြု ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များပေး၍ ပြည်နှင်ဒဏ်ပေးခြင်းတို့တွင် အဆိုပါ တရုတ်နိုင်ငံသား ၁၅၅ ဦး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်ခိုးထုတ် တရုတ်နိုင်ငံသားများကို ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့တွင် မြစ်ကြီးနား ခရိုင်တရားရုံးက တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အဖိုးတန်ကျွန်းသစ် အပါအ၀င် သစ် ၁၀၅၆၉ တန်ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံသား ၁၈၁ ဦးနှင့် တရုတ်နိုင်ငံသား ၁၅၅ ဦး ဖမ်းဆီးအရေးယူထားကြောင်း၊ တရုတ်နိုင်ငံသို့ သစ်မှောင်ခိုတင်သွင်းမှု မလျော့ကျခြင်းမှာ သစ်မှောင်ခိုသမားများက ဈေးကြီးပေးဝယ်နေ၍ဖြစ်ကြောင်း ကချင်ပြည်နယ် သစ်တောဌာနမှ သုံးသပ်ထားကြောင်း အစောပိုင်း သတင်းများအရ သိရသည်။
ကချင်ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းအရ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် မတ်လကုန်အထိ ကျွန်း ၂၆၀၁ ဒသမ ၈၈၉ တန် အပါအ၀င် အခြားသစ် ၁၀၅၆၉ ဒသမ ၁၁၂ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment