Wednesday, July 15, 2015

ဗိုလ်ချုပ်ကိုကို တင်ပြရန် ရှိနေသော လူ့အခွင့်အရေး အစီရင်ခံစာ

Than Htike added 2 new photos. မှ ကူးယူဖော်ပြသည်။
59 mins · Edited ·
ဗိုလ်ချုပ်ကိုကို တင်ပြရန် ရှိနေသော လူ့အခွင့်အရေး အစီရင်ခံစာ
*********************************
ယခုလအတွင်း မြန်မာနိုင်ငံမှ လူ့အခွင့်အရေးနဲ့ပါတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတခု ဖြစ်တဲ့ The Universal Periodic Review (UPR) ကို ရေးသား တင်သွင်းရဘို့ ရှိနေပါတယ်။
UPR အနေနဲ့ လေးနှစ်တကြိမ် သုံးသပ်မှုတွေ ပြုလုပ်ရာမှာ မြန်မာအစိုးရတင်သာမက အခြား ပါဝင်ပါတ်သက်နေတဲ့ အဖွဲ့အစည်းများ။ နိုင်ငံတကာ အစိုးရများဆီက အကြံပြု ဝေဖန်မှုတွေကိုပါ ကြည့်တာ ဖြစ်လို့ ၂၀၁၅ အတွက် မြန်မာ လူ့အခွင့်အရေး သုံးသပ်ချက်ဟာ အခြေအနေ ကောင်းဘို့တော့မရှိပါဘူး၊
ပြီးခဲ့တဲ့ နှစ်ကစပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အဆိုးဝါးဆုံး ဖြစ်လာခဲ့ပါတယ်၊
(၁) ကချင် နဲ့ ကိုးကန့်ဒေသ တွင် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်း
(၂) အစိုးရမှ မြေယာသိမ်းဆည်းခဲ့မှုများကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြမှုများကို အကြမ်းဖက် နှိပ်ကွပ်ခဲ့ခြင်း
(၃) ပညာရေး ပြုပြင်ပြောင်းလဲရန် တောင်းဆိုဆန္ဒပြခဲ့သော ကျောင်းသားများအရေးကို လူမဆန်စွာ ကိုင်တွယ်ခဲ့ခြင်း
(၄) မီဒီယာများအပေါ် ရန်လိုမှုများ တိုးတက် ပြုလုပ်လာနေခြင်း
(၅) ဘင်္ဂလီ လူမျိုးများ ကိစ္စ
ယခုအခါ နိုင်ငံတကာမှ လျော့လျော့ပေါ့ပေါ့ ခန့်မှန်းချက်များအရ ပဋိပက္ခများကြောင့် ပြည်တွင်းတွင် အိုးအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေရသူ ပေါင်း သုံးသိန်းခန့်ရှိနေပြီဟု ဆိုသည်။ လက်ရှိ မြန်မာအစိုးရအပေါ် နိုင်ငံတကာ၏ အမြင်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ မတိုင်မီက ကဲ့သို့ပင် အထင်သေး ရွံရှာမှုများ က ပျောက်၍ မသွားးသေးပေ၊
နောက်ဆုံးပြုလုပ်ခဲ့သည့် ၂၀၁၁ သုံးသပ်မှုတွင် သဘောတူခဲ့သည့် တာဝန်ခံမှုများ ကတိများကိုလည်း လိုက်နာရန် ပျက်ကွက်ခဲ့ကြသည်။ အဓိက နှစ်ချက်က မြို့ပြ နှင့် နိုင်ငံရေးဆိုင်ရာ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း (International Covenant on Civil and Political Rights (ICCPR) ကို အတည်ပြုရန် ပျက်ကွက်ခြင်း နှင့် လူ့အခွင့်အရေးဆိုင် ကုလသမဂ္ဂ မဟာမင်းကြီးရုံးဖွင့်ရန် ကတိပျက်ကွက်ခဲ့ခြင်း တို့ဖြစ်သည်။
ထို့အပြင် ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စက် ရန်ဟီလီအား ၀ီရသူမှ ပြည့်တန်ဆာ နှင့် နှိုင်းကာ ဆဲဆိုခဲ့မှုအပေါ် မြန်မာအစိုးရမှ ရှုတ်ချ အပြစ်တင် ပြောဆိုမှုလောက်ပင် မလုပ်ခဲ့ခြင်းကို ထောက်ပြခဲ့ပြန်သည်။
အဓိက ပြသာနာ ဖြစ်လာနေရသည်က ကုလသမဂ္ဂတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသူ ဗိုလ်ချုပ်ကိုကို ဆိုသူက ဦးဆောင်ရေးသွင်းရန် ရှိနေခြင်းပင်။ ယခုနှစ် မတ်လပိုင်းက ကျောင်းသားများအား ရက်ရက်စက်စက် လက်တုန့်ပြန်ရာတွင် စီစဉ်ညွန်ကြားခဲ့သူဟု သံသယရှိနေခဲ့ခြင်း၊ လက်ပံတောင် ကြေးနီစီမံကိန်း ကန့်ကွက် ဆန္ဒပြမှုများအား မီးလောင်ဗုံးဖြင့် နှိမ်နှင်းခဲ့ခြင်း တို့အပြင် ကရင်ပြည်နယ်အတွင်း ၃ နှစ်ကြာ ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် အမည်ပေါက်ခဲ့သည့် စစ်ရာဇ၀တ်မှုများကို ကျုးလွန်သူ ဖြစ်နေခြင်းတို့ကြောင့် ၎င်းတင်သွင်းရန် ရှိနေသော အစီရင်ခံစာအား ယုံကြည်သူ တဦးတလေ ပေါ်ထွက်လာဘို့ခဲယဉ်းပေသည်။
ထို့အပြင် ဆက်လက်ပြီး မြေယာများအား သိမ်းဆည်းနေခဲ့ခြင်း အပြင် စစ်သားများက ကျူးလွန်ခဲ့သော အဓမ္မပြုကျင့်မှု၊ လူသတ်မှုများကို အရေးယူ အပြစ်ပေးမှု မျိုးလည်း မတွေ့ခဲ့ရပေ။
အမြဲလိုလို လူ့အခွင့်အရေးကို ဖေါက်ဖျက်ပြီး တသွေး တသံ တမိန့် အုပ်ချုပ်နေမှုကနေ တလက်မတောင် မရွေ့လျားသေးတဲ့ အဖြစ်မို့ မြန်မာပြည်အဖို့ ဘာများ ရေးသားတင်သွင်းဘို့ ရှိနေလဲဆိုတာ စိတ်ဝင်တစား ဖြစ်လာရပါတယ်။
ပူးတွဲပါ သတင်းကို ကြည့်ရင် သူ့ လက်အောက်မှာ ပြည်သူတွေကို တရားဥပဒေနဲ့ ဒိုင်းလို ကာကွယ်ပေးရမယ့် မြန်မာ့ရဲတပ်ဖွဲ့က အုပ်ချုပ်သူတွေကို ဆက်ကြေးမှန်မှန် ဆက်သရဘို့ ရှိလာနေတော့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာမှန်းတောင် မသိတော့ပဲ လူဆိုးလူမိုက် ဘိန်းမှောင်ခိုတွေဆီက ဆက်ကြေးပြန်ရှာနေရတဲ့ ဘ၀ ကျရောက်နေတာ သိသာ ထင်ရှားပါတယ်။
ELEVEN MEDIA GROUP ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ ယာဉ်အား လူငါးဦးပါဝင်သောအဖွဲ့က ဦးချစ်မောင်လမ်းနှင့် မင်းလမ်းထောင့်တွင် စောင့်ဆိုင်း၍ သေစေနိုင်သော ကုန်းသီးဖြင့် ၂ပေခန့်အကွာမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်လုပ်ကြံမှု ညနေ ၆နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည်။ (ပုံကိုရှု့)
လုပ်ကြံသူများသည် ယာဉ်ကြောပိတ်မိနေစဉ် တစ်ဖက်ယာဉ်ကြောမှ အငှါးယာဉ်ဖြင့် စောင့်ဆိုင်းပြီး CEO ဒေါက်တာသန်းထွဋ်အောင်၏ ဦးခေါင်းအား အနီးကပ်ချိန်ရွယ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် ကားမှန်ထိခိုက်မှု ဖြစ်ပွားခဲ့သော်လည်း CEO ဒေါက်တာသန်းထွဋ်အောင် မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ပေ။
အခုလို နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုတွေလည်း ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဆက်တိုက်ပေါ်ပေါက်လာဘို့ အစပျိုး နေပြီလည်း ဖြစ်တဲ့အတွက် အမှန်တရားကို ဖေါ်ထုတ်နိုင်ရေး၊ ကာကွယ်တားဆီးနိုင်ရေး သတိဝိရိယ ရှိကြဘို့ လိုတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။
ဤကဲ့သို့ တရားဥပဒေ စိုးမိုးမှု မရှိပဲ ကျီးလန့်စာစား ဘ၀များဖြင့် သားစဉ်မြေးဆက် နေသွားကြရမည့်အရေးကို မစဉ်းစားကြပဲ လက်ရှိ အာဏာရ အဖွဲ့ကိုပင် မဲပေးကြဖို့ တိုက်တွန်းလှုံ့ဆော်နေသည့် အဖွဲ့အစည်းများကိုလည်း မည်သို့နားလည်ရမှန်းပင် မသိတော့ပေ။
ရည်ညွန်း၊ ၊ Bangkok Post & Eleven Media
ဓါတ်ပုံ၊ ၊ Eleven Media & Shwe Hmone
BrainWave ဉာဏ်လှိုင်းFB မှ

0 comments:

Post a Comment