Friday, July 31, 2015

"ကလေးမြို့ လက်ရှိအခြေအနေ"

Naing Win Tun and Tha Zin Myint Aung shared 7Day News Journal's photo. မှ ကူးယူဖော်ပြသည်။
"ကလေးမြို့ လက်ရှိအခြေအနေ"
ကလေးမြို့တွင် ရေဆက်လက် မြင့်တက်လာသည့်အတွက် ပြည်သူ့ဆေးရုံပါပြောင်းရွှေ့နေရပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရေဘေးဒုက္ခ ကြုံတွေ့နေရသူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများကို ကားလမ်းနှင့်ရေလမ်းမှ သယ်ယူပို့ ဆောင်၍ မရသဖြင့် ရဟတ်ယာဉ်များဖြင့်သာ သယ်ယူပို့ဆောင်နေရကြောင်း ကလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
ကလေးမြို့တွင် ရေဘေးဒုက္ခသည်စခန်း ခြောက်ခုဖွင့်ထားသော်လည်း ဒုက္ခသည်စခန်းနှစ်ခုတွင် ရေတက်လာသည့်အတွက် ကျန်စခန်းလေးခုသို့ ပြောင်းရွှေ့ထားရသည်။
“ရဲစခန်းက မနေ့က စမြုပ်တယ်။ ဒီနေ့က ဆေးရုံအထိ ရေတက်လာတဲ့ အခြေအနေရှိလို့ အခုဆေးရုံတွကိုစပြီး ပြောင်းရွှေ့နေပြီ၊ကလေးမြို့လမ်းဆုံရောက်ဖို့ ကိုက် ၃၀၀ လောက်ပဲလိုတော့တယ်”ဟု ချင်းတောင် သံယံဇာတစောင့်ကြည့်ရေးအဖွဲ့မှ ကိုလျန်တွမ်ကပြောသည်။
“ဒီနေ့တိုင်းဒေသကြီးအစိုးရက ရဟတ်ယာဉ်သုံးစီးနဲ့ သက်ကယ်လှေတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေ စပြီး ပို့ဆောင်နေပါပြီ။ ကလေးမြို့မှ ရေစ၀င်ကတည်းက တိုင်းဒေသကြီးအစိုးရက ဆန်နဲ့ ရိက္ခာခြောက်တွေ ပို့ဆာင်ပေးပါတယ်။ မြို့ပေါ်စီးပွားရေးလုပ်ငန်းရှင်တွေက ထမင်းထုတ် ရေသန့်ဗူးတွေ နေ့ရောညပါ ပေးဝေနေပါတယ်” ဟု ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူးကပြောကြားခဲ့သည်။
မြစ်သာမြစ်၊ နေရဉ္စရာမြစ်နှင့် မဏိပူရမြစ်ရေလျှံမှုကြောင့် ဇူလိုင်လ ၂၇ ရက်မှ စ၍ ကလေးမြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များနှင့်ကျေးရွာများသို့်ရေ၀င်ရောက်ခဲ့သည်။
ကလေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၅ရပ်ကွက်တွင်လူဦးရေ ၆၉၉၀ဦး၊ ကျေးရွာ၂၇ရွာမှ လူဦရေ ခြောက်သောင်းကျော် ရေဘေးဒုက္ခကြုံတွေ့နေရခြင်းဖြစ်သည်။ ကလေးမြို့တွင် မြစ်သာမြစ်ရေ၏စိုးရိမ်ရေ အမှတ်သည် ၁,၀၀၀ စင်တီမီတာဖြစ်သော်လည်း ယနေ့ (ဇူလိုင် ၃၁) မွန်းလွဲ ၁နာရီအချိန်တွင် ၁,၇၀၀ စင်တီမီတာခန့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း ကလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးမှတ်တမ်းများအရ သိရသည်။

0 comments:

Post a Comment