Wednesday, July 15, 2015

ဒေါက်တာသန်းထွဋ်အောင်ကို ဘယ်သူတိုက်ခိုက်တာလဲ

Kamayut Media added 2 new photos. မှကူးယူဖော်ပြသည်။
16 hrs · Edited ·
ဒေါက်တာသန်းထွဋ်အောင်ကို ဘယ်သူတိုက်ခိုက်တာလဲ
Eleven Media ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်စီးနင်းလာတဲ့ မော်တော်ကားကို လူ ၅ယောက်က ဦးချစ်မောင်လမ်းနဲ့ မင်းလမ်းထောင့်မှာစောင့်ဆိုင်းပြီး ကုန်းသီးနဲ့ ဒီကနေ့ ညနေက တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ စနစ်တကျအကွက်ချပြီး လုပ်ကြံတာလို့ ကာယကံရှင်က ပြောပါတယ်။ တိုက်ခိုက်သူ ၅ယောက်ဟာ တက္ကစီ 5D-3938 Caldina ခဲရောင်ကားနဲ့ ၂ပေအကွာကနေ ဒေါက်တာသန်းထွဋ်အောင်ရဲ့ဦးခေါင်းကို အနီးကပ်ချိန်ရွယ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် ကားမှန်တွေ ကွဲကြေသွားပေမယ့် Eleven Media ရဲ့ပိုင်ရှင် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
"လုပ်ကြံတဲ့သူတွေထဲမှာ အသက် ၂၅ နှစ်နဲ့ ၃ဝ ကျော်ဝန်းကျင်တွေပါနေတယ်။ အခုလိုမျိုး လုပ်ကြံတာတွေက ကျွန်တော်တို့ Eleven Media Group ရဲ့ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်တွေကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး" လို့ ဒေါက်တာသန်းထွဋ်အောင်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး Eleven Media က ဖော်ပြခဲ့ပါတယ်။
(ဓာတ်ပုံ - Eleven Media)

0 comments:

Post a Comment