Friday, July 31, 2015

ပွင့်ဖြူရေဘေး ဒုက္ခသည်တို့ကို သွားရောက်လှူဒါန်းရန် နှိုးဆော်လွှာ

ယနေ့(31.7.2015) သောကြာနေ့ တွင်
ကပ်ကျော်ပညာပါရမီ ကုသိုလ်ပြုအဖွဲ့ မှ ဦးဆောင်၍ မကွေးမြို့စေတနာရှင်များ အခြားမြို့မှ စေတနာရှင်တို့ လှူဒါန်းသော ဆန်အိတ် ၂၀၊ အဝတ်ထည် ဆာလာအိတ်အကြီး ၁၅အိတ်၊ မားမား+ယမ်ယမ် ခေါက်ဆွဲခြောက် ၃၀ပါကင်၊ ငါးသေတ္တာ တစ်ပုံး၊ ရေသန့်၁၂ပါကင်၊ ဆီပုံးကြီး ၁ပုံး၊ ဆီဗူး၎ဗူး၊ ဓာတ်ဆားထုတ်ကြီး ၇၀၊ ခေတ်မှီဆေးဝါးအစုံ ဆာလါအိတ်သေး ၁အိတ်၊
ကော်ဖီမစ် ၇ပါကင်၊ အိုးခွက်ပန်းကန် ဆာလာအိတ်အကြီး ၁အိတ်၊ စောင်၊ခြင်ထောင်၊ဖိနပ်အစုံ ဆာလာအိတ်ကြီး ၁အိတ်၊ ပေါင်မုန့်+ကိတ်စို ဆာလာအိတ် ၁အိတ်၊ ကုလားပဲ+ငါခြောက်နှင့် တိုလီများ ဆာလာ အိတ်ကြီး ၁အိတ် စသည်များကို မကွေးစေတနာရှင်တို့နှင့် အခြားသော စေတနာ ရှင်များ နာမည်ဖြင့် လှူဒါန်းခဲ့ပါသည်။ ထိုလှူဒါန်းမှု၏ စုစုပေါင်း သည် သိန်း(၂၀)ကျော် တန်ဖိုးရှိကြောင်း စေတနာရှင်တို့အား သဒ္ဓါပွားများနိုင်ရန် အသိပေးအပ်ပါသည် ။
မှတ်ချက် ။ ။ ၃၀.၇.၂၀၁၅ခု၊ ကြာသပတေးနေ့ ည၁၁နာရီအထိ လှူဒါန်းခဲ့သော ပစ္စည်းများကို လှူဒါန်းခြင်း၊ အချို့ ငွေတို့ကို လိုအပ်သော ဆေးဝါးများ၊ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက် မုန့်ခြောက်စသည်တို့ကို ဝယ်၍ လှူဒါန်း ခဲ့ပါသည်။ အလှူရှင်များ၏ စာရင်းကို အသေးစိတ် ရှင်တမ်း ထုတ်ပေးပါမည်။

ပွင့်ဖြူရေဘေး ဒုက္ခသည်တို့ကို
သွားရောက်လှူဒါန်းရန်
နှိုးဆော်လွှာ
နယ်မြို့ များမှ လှူဒါန်းထားသော ငွေတို့ကိုနှင့် ၃၁.၇.၂၀၁၅ခု၊ သောကြာနေ့ ၄နာရီနောက်ပိုင်း လှူဒါန်းထားသော ပစ္စည်းများကို ပွင့်ဖြူမြို့နှင့် ဝန်ကျင်ရွာတို့ကို ၂.၈.၂၀၁၅ခု၊ တနင်္ဂနွေနေ့ နံနက်(၈)နာရီတွင် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း စေတနာရှင်တို့အား အသိပေးနှိုးဆော်လိုက်ပါသည်။

0 comments:

Post a Comment