Sunday, July 26, 2015

မကွေးမြို့တွင် မိခင်နှင့်ကလေး အသေအပျောက်များကို နည်းနိုင်သမျှနည်းအောင်ဆောင်ရွက်မည့် အခမဲ့ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ဖွင့်ပွဲပြုလုပ်

Magway News added 4 new photos.မှ ကူးယူဖော်ပြသည်။
6 hrs ·
မကွေးမြို့တွင် မိခင်နှင့်ကလေး အသေအပျောက်များကို နည်းနိုင်သမျှနည်းအောင်ဆောင်ရွက်မည့်
အခမဲ့ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ဖွင့်ပွဲပြုလုပ်
မကွေး ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊မကွေးမြို့ အောင်ချမ်းသာရပ်ကွက် (ရန်ကျော်ရပ်)၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း စေတနာဆေးခန်းဝင်းအတွင်း EAC ဖောင်ဒေးရှင်း၊ ဥရောပ-အာရှကော်မာရှယ်ကုမဏီလီမိတက် မှ ဆောက်လုပ်လှူဒါန်းသည့် မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြုလုပ်သည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေတက်ရောက်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်သန္တာလွင်မှမိခင်ကလေး ကျန်းမာရေးနှင့်သားဖွားဆောင်ဖွင့်လှစ်ရခြင်းအကြောင်းရှင်းလင်းပြောကြား ပါသည်။
ဆက်လက်ပြီး အဆောက်အဦအလှူရှင် ဥရောပ-အာရှကော်မာရှယ် ကုမဏီလီမိတက်မှ စီမံကိန်းမန်နေဂျာ ဦးစောအောင်လှူဒါန်းရခြင်းအကြောင်း ရှင်းလင်ပြောကြားပါသည်။ ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာသန်းစိန်က မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာမိခင်နှင့်ကလေး ကျန်းမာရေးကို ရှေးရှုပြီး မည်သူမဆို ယခု ဆောက်လုပ်လှူဒါန်းထားသည့် မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်တွင် အခမဲ့ လာရောက် မွေးဖွားနိုင် ကြောင်း၊ ယခုလိုအခမဲ့ မွေးဖွားနိုင်သည့်အတွက် မိခင်နှင့်ကလေး အသေအပျောက်များကို နည်းနိုင်သမျှနည်း လာအောင် ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ကြောင်းပြောကြားပါသည်။
ယင်းနောက် ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဥရောပ-အာရှကော်မာရှယ် ကုမဏီလီမိတက်မှ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အလံများကို ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများအားပေးအပ်ပါသည်။ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ကို ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာ သန်းစိန်၊ ဥရောပ-အာရှကော်မာရှယ် ကုမဏီလီမိတက်မှ ဦးစောအောင်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်သန္တာလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ကဗည်းမော်ကွန်းအား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပါသည်။
အဆိုပါ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ကို ဥရောပ-အာရှကော်မာရှယ် ကုမဏီလီမိတက်မှ ကျပ်သိန်း(၂၅၀)အကုန်အကျခံလှူဒါန်းခြင်းဖြစ်ပြီး တစ်ထပ်သွပ်မိုး၊ အုတ်ကာ တမံသလင်းခင်းဖြစ်ပြီး မွေးခန်း(၁)ခန်းနှင့် မွေးပြီးလူနာထားရှိရန် အခန်း(၆)ခန်းပါရှိကြောင်းသိရသည်။

0 comments:

Post a Comment