Friday, July 31, 2015

ကောလင်းရေဘေးကူညီသော အဖွဲ့များ ဆင်ခြင်ကြစေချင်..(ဟာဂျူလီ-ကသာ)

Than Htike added 3 new photos. မှ ကူးယူဖော်ပြသည်။
27 mins ·
ကောလင်းရေဘေးကူညီသော အဖွဲ့များ ဆင်ခြင်ကြစေချင်..(ဟာဂျူလီ-ကသာ)
****************************************
လူသားချင်း စာနာစိတ်ဖြင့် အနယ်အနယ်အရပ်ရပ်မှ ကောလင်းရေဘေးသင့် ပြည်သူများထံသို့ လာရောက်လှူဒါန်းနေသည်မှာ အားရစဖွယ် ကောင်းလှပါသည်၊
သို့သော် အချို့သော အဖွဲ့များ၏ ကောလင်းရေဘေးသင့် ပြည်သူများ အပေါ်ထားခဲ့သော စေတနာမှာ ဝေဒနာ အဖြစ် ရောက်ရှိသွားနိုင်ပါသော ဖြစ်စဉ်များရှိနေပါကြောင့် ယခုလို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်၊
လူမှုရေး အသင်းအဖွဲ့များများ သိရှိနိုင်ရန် များများရှယ်ပေးကြဖို့ လည်း တောင်းပန်အပ်ပါသည်၊
ကောလင်းရေဘေးသင့် ပြည်သူများအတွက် အဓိက လမ်းမကြီးမှာ မိုင်(၂၀)နီးပါး ဝေးကွာသော ကောလင်း- ရွှေတွင်း လမ်းမကြီး ဖြစ်ပါသည်၊ ထိုလမ်းမှာ ကျောက်လမ်းဖြစ်သည်နှင့်အညီ
မိုးရွာခြင့် ရေကြီးခြင်း ရေကျော်ခြင်းတို့ကြောင့် ရွံ့ဗွက်လမ်း ဖြစ်သွားခဲ့ပါပြီ၊ ထို့အပြင် ထိုလမ်းပေါ်ရှိ တံတား၏ သစ်သားများမှာလည်း ရက်တာရှည်စွာ ရေစိမ်ခံထားရခြင်းကြောင့် ဆွေးမြေ့မှုများ
ရှိနေကြပါသည်၊ ကျွန်တော်တို့အဖွဲ့ ထိုလမ်းပိုင်းသို့ ရောက်ရှိစဉ်က တန်ချိန်လွန် လူမှုကူညီရေး ကားများ သွားလာ မောင်နင်နေကြသည့် မျက်မြင် တွေ့ခဲ့ရပါသည်၊ ယခင်က ထိုလမ်းပိုင်းရှိ “ယားတောင်ရွာ”
ထိပ်တံတား ကျိုးနေသဖြင့် နောက်ထပ်(၁၂)မိုင် ဝေးကွာသည့် ရွှေတွင်းရွာသို့ တိုက်ရိုက် မရောက်နိုင်ပဲ ကားလေး (တရုတ်တုံဖုန်း)ဖြင့်သာ ကဲ့သယ်နေရပါသည်၊ သို့သော် ယနေ့(၃၁၊၇၊၂၀၁၅)ရက်နေ့ (၂)နာရီ
တွင် “ယားတောင်ရွာ” ထိပ်တံတားမှာ သွားလာနိုင်သွားပြီ ဖြစ်ပါသည်၊ ထိုသို့ သွားလာနိုင်သဖြင့် ရွေတွင်းသို့ တိုက်ရိုက် ကယ်ဆယ်ရေးပစ္စည်းများ တင်ပို့နိုင်ပြီး ထိုရွှေတွင်းမှ တစ်ဆင့် စက်လှေများဖြင့်
“ ဥသျှစ်ပင်” “ မူးတိမ်” “ သရက်ချဉ်ရွာ” “နောင်ခါးရွာ” “နတ်အင်း” “ချောင်းနား” ”“သုဝဏ္ဍ” “မိုးနှံ” အပါအ၀င် ကယ်ဆယ်ရေးများ မသွားလာနိုင်ခဲ့သည့် အခြားရွာစွန် ရွာဖျားများ အထိ သွားရောက် လှူဒါန်းနိုင်တော့မည်ဖြစ်၍
ထိုရွာများအတွက်အကျိုးတရား အများအပြား ရရှိသွားတော့မည် ဖြစ်ပါသည်၊ ထိုအကျိုးတရားများကြောင့် လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ပိုမိုစေတနာထက်သန်သွားမိခါ ကြီးသမျှမော်တော်ယာဉ်ပေါ် နိုင်သမျှပစ္စည်းများဖြင့်
မောင်းနှင်သွားလာ မိပါက ထိုလမ်းကြောသည် ပြန်ပိတ်သွားနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ သို့ပါ၍ ထိုလမ်း တာရှည်ခံရေးအတွက် သက်ဆိုင်ရာတို့မှ သတ်မှတ်တန်ချိန် ချမှတ် တားဆီးသင့်ခြင်း၊ ပစ္စည်းများ ပြောင်းလဲတင်ဆောင်ပေးနိုင်သည့်
ကားသေးများအား လွယ်ကူစွာ ငှားရမ်းနိုင်ရေး ဆောင်ရွက်ပေးသင့်သလို အလှူရှင်
အဖွဲ့အစည်းများဘက်မှလည်း ရွာစွန်ရွာဖျားမှ ရေဘေးသင့်ပြည်သူများ၏ ရေရှည်အရေးအတွက် ဆင်ခြင်၍သာ သယ်ဆောင် ဖြတ်သန်းပေးသင့်ပါကြောင်း အသိပေး ရေးသားလိုက်ရပါသည်။ (ဟာဂျူလီ-ကသာ)
ဓါတ်ပုံ= ယားတောင်ရွထိပ်တံတား ရေထဲ ပါသွားသဖြင့် ပစ္စည်းကဲ့ယူရန် ယာယီဆောင်ရွက်ထားစဉ်( ယခုအခါ ကားကြီးများ တိုက်ရိုက် ကူးနိုင်ပြီ ဖြစ်သည်)၊
မရှိမဖြစ် ကောလင်းနှင့် ရွှေတွင်း သွား ကားလမ်း၏ အခြေအနေ။

0 comments:

Post a Comment