Friday, July 31, 2015

ပွင့်ဖြူမြို့နယ်အတွင်းမှ မုန်းချောင်းဘေးရှိ ကျေးရွာများ အကူအညီများ လိုအပ်နေ

Win Zaw Naing added 3 new photos — with Ye Naing Moe and 49 others. မှ ကူးယူဖော်ပြသည်။
6 mins ·
ပွင့်ဖြူမြို့နယ်အတွင်းမှ မုန်းချောင်းဘေးရှိ ကျေးရွာများ အကူအညီများ လိုအပ်နေ
ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတလျှောက်ရွာများ မုန်းရေကြီးမှုကြောင့် အခြေအနေများဆိုးရွား လျှက်ရှိသည်။
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတတန်းမှ သမင်ခြံ မင်းဇံ ပေတော ကဖြူကုန်း သာရာညွှန့် ပန်းကုန်းကြီး သရက်တော စသည့် ကျေးရွာများမှ ပြည်သူများ ပိတ်မိနေကြောင်းသိရသည် ။
ရေဘေးတိမ်းရှောင်နေရသည့် ပြည်သူများလည်း အကူအညီများလိုအပ်လျှက်ရှိကြောင်းသိရသည်။
ပွင့်ုဖူမြို့နယ် ရှောတော ဝါစက်ရုံ ၊ ရွှေဘိုဘုရားကြီး ၊ တောကျောင်း ၊ ရေလည်ကျောင်း တို့တွင် ရေဘေးတိမ်းရှောင်နေရသည့်လူများ အကူအညီများ လိုအပ်လျှက်ရှိကြောင်း သိရသည် ။
မုန်းတောင်ဘက်တန်းဖြစ်သည့် ကျေးရွာတစ်လျှောက်မှ ပြည်သူများသည် ပွင့်ဖြူမြို့နယ် လွမ်းတောင်နှင့် ဝါစိုက်ပျိုးရေး စစ်တပ်တို့တွင် အများဆုံးလူဦးရေဖြင့် ရောက်ရှိနေကြောင်း ၊ မိုးများလည်း ဆက်လက်ရွာနေကြောင်း နေရေး စားရေး ဝတ်ရေး အစအဆုံး လိုအပ်နေကြောင်း သိရသည် ။

0 comments:

Post a Comment