Monday, July 13, 2015

စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးမြင့်ဇော်မှ ချောက်ရေနံဆေးရုံ ကလေးကုသဆောင် တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင် အခမ်းအနားကျင်းပ


ချောက်        ဇူလိုင်    ၁၂    ရက်
    မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ်ရေနံဆေးရုံကုသဆောင် တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တော်တင် အခမ်းအနားကို ယနေ့နံနက် (၀၇း၃၀) အချိန် ချောက်ရေနံဆေးရုံတွင်ကျင်းပသည်။
    အခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးမြင့်ဇော် မှအဖွင့်အမှာ စကားပြောကြားပြီးနောက် ချောက်၊လမ်းရွာရေနံမြေမှ အထွေထွေမန်နေဂျာ ဦးကရင်နော်အောင် မှ ကလေးကုသဆောာင် ဆောက်လုပ်ရခြင်းလုပ်ငန်း များအားရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
    ဆက်လက်၍ မကွေးတိုင်းဒေသကြီး ၊ အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးနေရှင်း မှ ချောက်ရေနံဆေးရုံ ကလေးကုသဆောင် တည်ဆောက်ခြင်းအတွက် လှူဒါန်းသော Gold Petrol ရေနံကုမ္ပဏီမှ လူမူစီးပွားရေး CSR အစီအစဉ်ဖြင့် ၂၀၁၅-ခုနှစ်အတွက် လှူဒါန်းမှုအတွက် အထူးဝမ်းမြောက်၍
 ကျေးဇူးတင်စကားပြောကြားခဲ့သည်။
    ၎င်းနောက် ချောက်ရေနံဆေးရုံ ကလေးကုသဆောင်တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို နံနက် ၀၈း၁၀ နာရီအချိန်တွင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော် ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးနေရှင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် ၊ မကွေးတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး တို့မှ ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
    ချောက်ရေနံဆေးရုံ ကလေးကုသဆောင်ကို ချောက်ရေနံမြေနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သော Gold Petrol ကုမ္ပဏီမှ လူမှုစီးပွားရေး (CSR) အစီအစဉ်ဖြင့် ၂၀၁၅-ခုနှစ်အတွက် ငွေပေါင်း (၂၁၀.၅ ) သိန်းလှူဒါန်းပြီး KST ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း နှင့် ရေနံဆေးရုံ ကလေးကုသဆောင်ကို အလျား ၆၀ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေ တစ်ထပ်ဆောင် steel Structure အမျိုးအစားဖြစ်ပြီး၂၅-၇-၂၀၁၅ ရက်နေ့မှ စတင်၍ ၃၀-၁၀-၂၀၁၅ ရက်နေ့အပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူပြောကြားချက်အရ  သိရှိရသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment