Tuesday, July 28, 2015

သူရဦးရွှေမန်းကို ဖြုတ်ချဖို့ကြိုးစားမှု ဘယ်လိုတုံ့ပြန်မလဲ

Zaw Min and Thant Sin shared Kamayut Media's photo. မှ ကူးယူဖော်ပြသည်။
BREAKING NEWS:
သူရဦးရွှေမန်းကို ဖြုတ်ချဖို့ကြိုးစားမှု ဘယ်လိုတုံ့ပြန်မလဲ
မိမိတို့နှင့် ပြည်သူများက တစ်ဖွဲ့ဆိုတာ ... ဘာလဲ
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ကိုပြင်ဆင်ဖို့ ကြိုးစားခဲ့လို့ ဇေယျာသီရိမြို့နယ်က မဲဆန္ဒရှင် စစ်သည် ၃ရာနှုန်းနီးပါးက လွှတ်တော်ကိုယ်စားလှယ်အဖြစ်က သူရဦးရွှေမန်းကို ရုပ်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်စာပေးခဲ့တဲ့အပေါ် သူဟာ နိုင်ငံနဲ့ နိုင်ငံသားအကျိုးအတွက် ဖွဲ့စည်းပုံပြင်ဖို့လုပ်ခဲ့တာကို တာဝန်ယူနိုင်တယ်သလို ဥပဒေကြောင်းအရလည်း ရင်ဆိုင်သွားမယ်လို့ ဘီဘီစီမြန်မာပိုင်းနဲ့ တွေ့ဆုံရာမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
"မိမိသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားဆောင်ရွက်ခဲ့ခြင်းသာဖြစ်၍ မိမိအနေဖြင့် တာဝန်ယူနိုင်ကြောင်းနှင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါကလည်း ရင်ဆိုင်သွားမည် ဖြစ်ပါသည်" ဟု သူရဦးရွှေမန်းက သူ့ရဲ့ Facebook စာမျက်နှာ ဖော်ပြထားပါတယ်။
မြန်မာသမ္မတနဲ့ စစ်တပ်အကြီးအကဲတို့က တစ်ဖွဲ့၊ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တစ်ဖွဲ့စီလို့ ဘီဘီစီက မေးမြန်းခဲ့တာကို သူက "မိမိတို့နှင့် ပြည်သူများက တစ်ဖွဲ့"ဟု ပြောရင် ပိုပြီးပြည့်စုံမယ်လို့ ဆိုပါတယ်။ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူများက တစ်ဖွဲ့၊ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတစ်ဖွဲ့ဆိုတဲ့သဘောမျိုး တရားဝင်ပြောလိုက်ခြင်းအားဖြင့် ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းကြားက တင်းမာမှု၊ လွန်ဆွဲမှုတွေဟာ ပိုပြီး ပြင်းထန်လာတဲ့သဘောရှိနေပါတယ်။
သူရဦးရွှေမန်းက သူ့အနေနဲ့ တိုင်းပြည်နဲ့ပြည်သူအကျိုးအတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဘယ်အဖွဲ့နဲ့မဆို လက်တွဲသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
(ဓာတ်ပုံ - Thura U Shwe Mann)

0 comments:

Post a Comment