Thursday, July 16, 2015

တောင်တွင်းကြီးမြို့မှ ထွန်းတောက်လာမည့်ကြယ်တစ်ပွင့်အား ထုဆစ်ပုံဖော်ခြင်းခြေလှမ်းတစ်ခု

Ko Aung Kyaw Kyaw added 12 new photos. မှ ကူးယူဖော်ပြသည်။
6 hrs · Edited ·
တောင်တွင်းကြီးမြို့မှ ထွန်းတောက်လာမည့်ကြယ်တစ်ပွင့်အား ထုဆစ်ပုံဖော်ခြင်းခြေလှမ်းတစ်ခု
~~~~~~~~~~~~~~~~~~~~~~~~
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ပန်းတောငယ်အုပ်စု၊ ကြီးအင်းကုန်းကျေးရွာမှ တက္ကသိုလ်ဝင်တန်းတက်ရောက်သင်ကြားရန် အခက်အခဲဖြစ်နေသော ကျောင်းသူလေး မအေးစန္ဒာလင်း အား ဆက်လက်ပညာသင်ကြားနိုင်ရန်
မြို့နယ်အတွင်းမှ အလှူရှင်များနှင့် ရပ်ဝေးမှ စေတနာရှင်များမှ လစဉ်ထောက်ပံ့ငွေများဖြင့် တောင်တွင်းကြီးမြို့ ရိုးမဘဏ်ဘဏ်တွင် ဘဏ်အကောင့်တစ်ခုဖွင့်ကာ ငွေစုပေးပြီး မိမိမြို့ရွာတွင် ဆယ်တန်းပညာသင်ကြားနိုင်ရန်နှင့် အနာဂါတ်ရည်မှန်းချက်တက္ကသိုလ်တစ်ခုခုသို့ ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
သမီးငယ် မအေးစန္ဒာလင်းမှာ မူလတန်းမှစ၍ န၀မတန်းအထိ ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သူဖြစ်ပြီး၊ နှစ်စဉ်ထူးချွန်ဆုများကိုလည်း ရယူနိုင်သူဖြစ်ပါတယ်။
ဖခင်မှာ သမီး၏ပညာရေးအတွက်ငွေရှာရန် လောက်ကိုင်ဘက်သို့ ကြံခုတ်ရန်သွားခဲ့ရာမှ ယနေ့အချိန်အထိအဆက်အသွယ်မရရှိ၍ သမီးငယ်မှာကျောင်းမတက်နိုင်ဘဲ မိခင်ဖြစ်သူအား လယ်ယာစာရင်းငှားအလုပ်ကို လုပ်ကိုင်၍ရှာဖွေလုပ်ကျွေးနေသူ တစ်ဦးဖြစ်ပါတယ်။
ထိုသမီးငယ်၏ အနာဂါတ်ရည်မှန်းချက်မှာ အင်ဂျင်နီယာတစ်ဦးဖြစ်လိုသော်လည်း ယခုချိန်ထိ စာသင်ခန်းထဲတွင် စာသင်ရမည့်အစား လယ်ထဲယာထဲတွင် ပေါက်ပြားတစ်လက်ဖြင့် မိသားစုဝမ်းစာ ရှာဖွေနေရသူဖြစ်ပါတယ်။
သမီးငယ်လေး မအေးစန္ဒာလင်း၏ ပညာရေးအတွက် တတ်နိုင်တဲ့ဘက်က ပညာရေးရံပုံငွေထည့်ဝင်လိုသူများအနေဖြင့် ဖော်ပြပါ ဘဏ်အကောင့်031-32-501775-7 သို့ ပညာရေးထောက်ပံ့ငွေများ ထည့်ဝင်ပေးကြပါရန် တင်ပြအကူအညီတောင်းလိုက်ပါတယ်။
ဒေါက်တာ ကျော်ဆွေ(သွားနှင့်ခံတွင်း)
ဖုန်း - 09401592415
ကိုအောင်ကျော်ကျော်
ဖုန်း - 09401562139
09799177519

0 comments:

Post a Comment