Saturday, August 1, 2015

စေတုတ္တရာမြို့နယ်ရေဘေးကူညီရေးအတွက် မကြီးစု ကျေးရွာတွင် စေတနာ့ဝန်ထမ်း ဆရာဝန် ဆရာမများ လိုအပ်လျှက်ရှိနေပါသည် (1.8.2015)

Maung Yaychang shared Myat Thu Soe's post — with Tin Zaw and 13 others. မှ ကူးယူဖော်ပြပါသည်။
1 hr ·
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
စေတုတ္တရာမြို့နယ်ရေဘေးကူညီရေးအတွက် မကြီးစု ကျေးရွာတွင် စေတနာ့ဝန်ထမ်း ဆရာဝန် ဆရာမများ လိုအပ်လျှက်ရှိနေပါသည် (1.8.2015)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လက်ရှိမကြီးစုကျေးရွာတွင် သံဆည်ကျေးရွာမှ ရေဘေးရှောင်ပြည်သူများ၊ ငါးမကျေးရွာမှရေဘေးရှောင်ပြည်သူတဝက်ခန့်မှီခိုနေရပါသည်။ ရေဝင်ရောက်နေသောရွာနဲ့

 တောင်ယာတဲများတွင်ရေရှောင်နေသူများကိုလည်း လှေဖြင့် ဖြေးဖြေးချင်းသယ်ယူနေရပါသည်။
ကြီးအုံကျေးရွာမှာ ၎င်းကျေးရွာနှင့်အနီးတွင်ရှိသော နွားမတောင်ပေါ်သို့ရောက်ရှိနေပါသည်။
ကျန်းမာရေးအထူးစိုးရိမ်နေရပါသည်။ နာမကျန်းဖြစ်သူများရှိနေပါသည်။ လက်ရှိတွင် ဆရာဝန် ဆရာမများနှင့် အလှမ်းမမီနိုင်သောကြောင့် အထူးစိုးရိမ်လျှက်ရှိနေပါသည်။
ပိုမိုဆိုးဝါးသည်မှာ လက်ရှိမကြီးစုကျေးရွာရောက်ရေဘေးရှောင်ပြည်သူများအနက်မှ မွေးလူနာ တစ်ဦးနှင့် မကြီးစုကျေးရွာသို့အရောက်သေးသော မွေးလူနာ တစ်ဦး စုစုပေါင်း နှစ်ဦးရှိနေပါသည်။

ထို့အပြင် ရေဘေးရှောင်ပြည်သူများထဲမှ အသက် ၄၀ အရွယ် ဖောယောင်လူနာသည် အအေးပတ်ခြင်းကြောင့် 30.7.2015 ရက်နေ့တွင်ကွယ်လွန်သွားခဲ့ပါသည်။
စေတနာ့ဝန်ထမ်း ဆရာဝန်ဆရာမများနှင့် ဆေးဝါးများလိုအပ်နေပါသည်။ ယခုအခြေအနေသည် သံဆည်ရွာ၊ ငါးမရွာနှင့် ကြီးအုံကျေးရွာများမှအချက်အလက်များသာဖြစ်ပါသည်။ အခြားကျေးရွာများတွင်လည်း အလားတူအခက်အခဲများရှိနိုင်ပါသည်။

0 comments:

Post a Comment