This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, July 31, 2015

ရေဘေးသင့်ဒေသများသို့ မနက်ဖြန် သြဂုတ်လ ၂ ရက်နေ့ မနက်စောစော သွားရောက်ကူညီလှူဒါန်းရန်

Ko Aung KyawKyaw added 7 new photos. မှ ကူးယူဖော်ပြသည်။
49 mins ·
မကွေးတိုင်း ရေဘေးသင့်ဒေသများသို့ မနက်ဖြန် သြဂုတ်လ ၂ ရက်နေ့ မနက်စောစော သွားရောက်ကူညီလှူဒါန်းရန်အတွက် တောင်တွင်းကြီးမြို့နယ်အတွင်းမှပြည်သူများ လှူဒါန်းထားသောပစ္စည်းကို ကြိုတင်ပြင်ဆင်နေကြပါပြီ့ 
အိမ်ထောင်စုပေါင်း ၂၅၀၀ ကျော်အားထောက်ပံ့ကူညီနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ မီးဖိုချောင်သုံးပစ္စည်း၊ အ၀တ်အထည်၊ စောင်၊ ဓါတ်မီး၊ မီးခြစ်၊ ဆေးဝါး၊ ရေသန့် အစရှိတဲ့ပစ္စည်းများကို ကူညီလှူဒါန်းပေးသွားမှာဖြစ်ပါတယ် ။

ပွင့်ဖြူရေဘေးမှာတမြို့နယ်လုံးထိခိုက်နေတာပါ။

Nay Myo Kyaw added 2 new photos. မှ ကူးယူဖော်ပြပါသည်။
38 mins ·
ပွင့်ဖြူရေဘေးမှာတမြို့နယ်လုံးထိခိုက်နေတာပါ။
ဒီနေ့တော့ယောစုရွာဆရာတော်ကတိုက်ရိုက်ဖုန်းခေါ်အကူအညီတောင်းတဲ့အတွက်ခေါက်ဆွဲခြောက်နဲ
့ရေသန့်ကိုစကုမြို့အလှူရှင်များကိုယ်စားကူညီခဲ့ပါတယ်။စံပြပေါင်းထိပ်မှာဆိပ့်ဖြူကလာမယ့်မုန့်ထုပ် ၃၀၀၀လှူဒါန်းမယ့်သူကိုစောင့်ဆိုင်းနေပါတယ်။

၃ရက်လောက်ရှိပြီ ထမင်းငတ်နေတာ ကူညီကြပါဦးဗျာဟု လယ်ကိုင်းကျေးရွာနေ ကိုပေါက်ကပြော သည်။

ပွင့်ဖြူဘက်ဆက်သွားမယ်
ပင်ပန်းတယ်ဗျာ
ကျောင်းတော်ရာဘက်ကနေ မုန်းချောင်း
ဖြတ် သမင်ခြံ ပေတော မင်းဇံ သပြုကုန်း
သဖန်းတန်းအစရှိရွာတွေ အခက်အခဲ
ဖြစ် အကုညီတောင်းတာမရသေးဘူး
တစ်ချို့ရွာတွေဟာ မုန်းချောင်းနဲ့မြစ်အ
ကြားရှိရွာတွေဖြစ်
ပါတယ် အဓိကလိုအ်ပ်နေတာ ပဲထောင်
စက်တပ်ရေယာဉ်တွေ အများအပြားလို
အပ်နေပါတယ် ဒေသခံစက်လှေတွေ
ကမသွားရဲကြဘုး ပွင့်ဖြူအုပ်ချုပ်ရေးကို
သွားအကုညီတောင်းတော့ အခုပါလာတဲ့
စက်လှေတွေနဲ့မဖြစ်နိင်ဘူး မကွေးကယ်ဆယ်ရေးပြောပေးမယ်
မယ်ဆိုပြီး အခု၁နာရီထိုးတော့မယ် ဘာ
အကူညီမှ မရသေးဘူး ၃ရက်လောက်ရှိပြီ
ထမင်းငတ်နေတာ ကူညီကြပါဦးဗျာဟု
လယ်ကိုင်းကျေးရွာနေ ကိုပေါက်ကပြော
သည်။

သဘာဝဘေးမှာတနိုင်ငံတည်းဖြစ်ခြင်းမဟုတ်၊ ဆုံးရှုံးမှုနဲအောင်လုပ်မည်ဟု သမ္မတဆို

Ye Naing Tun and 2 others shared The Irrawaddy (Burmese Version)'s photo. မှ ကူးယူဖော်ပြသည်။
သဘာဝဘေးမှာတနိုင်ငံတည်းဖြစ်ခြင်းမဟုတ်၊ ဆုံးရှုံးမှုနဲအောင်လုပ်မည်ဟု သမ္မတဆို
ဧရာဝတီ
သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုသည် မိမိတို့တစ်နိုင်ငံတည်း ဖြစ်ပွား ခြင်း မဟုတ်ဘဲ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ခံစားနေကြရ ပါကြောင်း၊တာဆီး၍ မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများဖြင့် ဆုံးရှုံးမှုအနည်း ဆုံးဖြစ်အောင် ဆောင်ရွက်သွား နိုင်ပါကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်သည့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက် ရေး ဗဟိုကော်မတီ အစည်းအဝေးတွင်ပြောကြားသည်။
ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန က ပို့ဆောင်ရေး ၀န်ကြီး ဌာန မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနနှင့်ပူးပေါင်းပြီး မိုးလေ၀သသတင်း များကို ရုပ်မြင်သံကြားနှင့် သတင်းစာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သတိပေးမှုများဆောင် ရွက်လျက်ရှိ ပါကြောင်း၊ လတ်တလော ဆောင်ရွက် ရမည့်အပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းဖြစ်ပြီး အစားသောက်နှင့် အ၀တ်အထည် ထောက်ပံ့ပေးခြင်း၊ ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများ တွင် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌ ချက်ချင်းစိုက် ပျိုးနိုင်အောင် ထွန်ယက်ပေးခြင်း၊ စာသင် ကျောင်းများတွင် ပျက်စီးဆုံးရှုံး သွားသည့် စာအုပ်စာစောင်များကို ဖြည့်တင်းပေးခြင်း၊ လျှပ်စစ်မီးနှင့် လမ်းပန်း ဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများကို အမြန်ပြန်လည်တည်ဆောက် ပေးခြင်း များကို ဆက်လက်ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ လတ်တလောသွား လာရေး အဆင်ပြေမှုရှိစေရန် ဘေလီတံတားတည်ဆောက်ပေးခြင်းမျိုး ကဲ့သို့ စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းဆိုသည်။
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကတပ်မတော်လေယာဉ် Y-8 တစ်စီးကို မိတ္ထီလာမြို့တွင်လည်းကောင်း၊ MI-17 ရဟတ်ယာဉ် ၃ စီးကို မုံရွာမြို့တွင် တစ်စီးနှင့် ကန့်ဘလူမြို့တွင် ၂ စီး ဖြန့်ခွဲထားရှိပြီး၊ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ တိုက်ကြီး၊ ထန်းတပင်နှင့် အဖျောက် မြို့နယ်များအတွက် နည်းဗျူဟာတစ်ခုနှင့် တစ်ရင်း ၃ ရင်းကို ယာဉ်အကြီး ၂၀၊ ဂျွန်ဆင်စက်လှေ ၁၀ စီး၊ သံလျင်၊ ဒလနှင့် မှော်ဘီ တပ်နယ်များတွင် တပ်နယ်တစ်ခုစီ၌ ယာဉ်အကြီး ၅ စီးစီနှင့် ဂျွန်ဆင်စက်လှေ ၅ စီးစီဖြင့်လည်းကောင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းတွင် မော်တော်ယာဉ် အစီး ၄၀၊ အနောက်တောင် တိုင်း စစ်ဌာန ချုပ်နယ်မြေ ကွင်းကောက်ဒေသ တွင် ယာဉ် အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ထည်၊ ဟင်္သာတမြို့နယ်ရှိ နယ်မြေခံတပ်ရင်းတွင် ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီ ၅၀ ထည်၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေ တွင် ပဲခူးမြို့ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ ထည်၊ ညောင်လေး ပင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည်၊ ရွှေကျင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည် တို့ကိုအသင့်ပြင်ဆင်စုဖွဲ့ထားရှိပါကြောင်းပြောသည်

စကုမြို့ရေဘေးသင့်ဥယျာဉ်ဇင်ရွာရွှေဘုန်းသာပေါ်ကဒေသခံများအားရန်ကုန်မြို့မှာရောက်နေတဲ့ မလွင်လွင်မော်- စကုထည့်ဝင်ငွေကိုစကုမြို့မှလူငယ်များနှင့်အတူသွားရောက်လှူဒါန်းပြီးဖြစ်ပါတယ်။

Nay Myo Kyaw added 7 new photos. မှ ကူးယူဖော်ပြသည်။
2 hrs · Edited ·
စကုမြို့ရေဘေးသင့်ဥယျာဉ်ဇင်ရွာရွှေဘုန်းသာပေါ်ကဒေသခံများအားရန်ကုန်မြို့မှာရောက်နေတဲ့
မလွင်လွင်မော်- စကုထည့်ဝင်ငွေကိုစကုမြို့မှလူငယ်များနှင့်အတူသွားရောက်လှူဒါန်းပြီးဖြစ်ပါတယ်။အခုပွင့်ဖြူယောစုရွာ
အတွက်ဆက်လက်သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

ကလေးမြို့သို့ ရိက္ခာထောက်ပံ့ရန် ယနေ့ (သြဂုတ်လ ၁ ရက်) နံနက်က မုံရွာ မြို့မှ တပ်မတော်ရဟတ်ယာဉ် MI 17 ဖြင့်

Moe Moe Thi shared 7Day News Journal's post. မှ ကူးယူဖော်ပြပါသည်။
2 hrs ·
အရေးပေါ်
 
 
 
 
 
 
 
 
 
 
 
 
 
အဆက်အသွယ်ပြတ်တောက်ပြီး အရေးပေါ်အကူအညီများလိုအပ်နေသော ကလေးမြို့သို့ ရိက္ခာထောက်ပံ့ရန် ယနေ့ (သြဂုတ်လ ၁ ရက်) နံနက်က မုံရွာ မြို့မှ တပ်မတော်ရဟတ်ယာဉ် MI 17 ဖြင့် ထွက်ခွာခဲ့သော်လည်း ရာသီဥတုအခြေအနေဆိုးရွားသဖြင့် ပြန်လှည့်ခဲ့ရသည်။ ထို့ကြောင့် ရိက္ခာနှင့်အထောက်အပံ့ပစ္စည်းများကို ATR 42 လေယာဉ်အမျိုးအစားဖြင့် ပို့နိုင်ရန် မုံရွာမြို့ အလုံလေယာဉ်ကွင်းတွင် ပြင်ဆင်နေကြစဉ်
(ဓာတ်ပုံ - မျိုးမင်းဦး)

စေတုတ္တရာမြို့နယ်ရေဘေးကူညီရေးအတွက် မကြီးစု ကျေးရွာတွင် စေတနာ့ဝန်ထမ်း ဆရာဝန် ဆရာမများ လိုအပ်လျှက်ရှိနေပါသည် (1.8.2015)

Maung Yaychang shared Myat Thu Soe's post — with Tin Zaw and 13 others. မှ ကူးယူဖော်ပြပါသည်။
1 hr ·
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
စေတုတ္တရာမြို့နယ်ရေဘေးကူညီရေးအတွက် မကြီးစု ကျေးရွာတွင် စေတနာ့ဝန်ထမ်း ဆရာဝန် ဆရာမများ လိုအပ်လျှက်ရှိနေပါသည် (1.8.2015)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လက်ရှိမကြီးစုကျေးရွာတွင် သံဆည်ကျေးရွာမှ ရေဘေးရှောင်ပြည်သူများ၊ ငါးမကျေးရွာမှရေဘေးရှောင်ပြည်သူတဝက်ခန့်မှီခိုနေရပါသည်။ ရေဝင်ရောက်နေသောရွာနဲ့

 တောင်ယာတဲများတွင်ရေရှောင်နေသူများကိုလည်း လှေဖြင့် ဖြေးဖြေးချင်းသယ်ယူနေရပါသည်။
ကြီးအုံကျေးရွာမှာ ၎င်းကျေးရွာနှင့်အနီးတွင်ရှိသော နွားမတောင်ပေါ်သို့ရောက်ရှိနေပါသည်။
ကျန်းမာရေးအထူးစိုးရိမ်နေရပါသည်။ နာမကျန်းဖြစ်သူများရှိနေပါသည်။ လက်ရှိတွင် ဆရာဝန် ဆရာမများနှင့် အလှမ်းမမီနိုင်သောကြောင့် အထူးစိုးရိမ်လျှက်ရှိနေပါသည်။
ပိုမိုဆိုးဝါးသည်မှာ လက်ရှိမကြီးစုကျေးရွာရောက်ရေဘေးရှောင်ပြည်သူများအနက်မှ မွေးလူနာ တစ်ဦးနှင့် မကြီးစုကျေးရွာသို့အရောက်သေးသော မွေးလူနာ တစ်ဦး စုစုပေါင်း နှစ်ဦးရှိနေပါသည်။

ထို့အပြင် ရေဘေးရှောင်ပြည်သူများထဲမှ အသက် ၄၀ အရွယ် ဖောယောင်လူနာသည် အအေးပတ်ခြင်းကြောင့် 30.7.2015 ရက်နေ့တွင်ကွယ်လွန်သွားခဲ့ပါသည်။
စေတနာ့ဝန်ထမ်း ဆရာဝန်ဆရာမများနှင့် ဆေးဝါးများလိုအပ်နေပါသည်။ ယခုအခြေအနေသည် သံဆည်ရွာ၊ ငါးမရွာနှင့် ကြီးအုံကျေးရွာများမှအချက်အလက်များသာဖြစ်ပါသည်။ အခြားကျေးရွာများတွင်လည်း အလားတူအခက်အခဲများရှိနိုင်ပါသည်။

“အောင်လံမြို့အခြေအနေ”

Hnin Kaythwe and 2 others shared 7Day News Journal's post.မှ ကူးယူဖော်ပြသည်။
 
 
 
 
 
 
 
 
 
 
 
 
“အောင်လံမြို့အခြေအနေ”
အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာနေပြီး ယနေ့ သြဂုတ်လ ၁ရက် နံနက် ၈နာရီခွဲအချိန်တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ကာ ၂၅၆၉ စင်တီမီတာအထိ ရောက်ရှိလာကြောင်း အောင်လံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှသတင်းရရှိသည်။
ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် မြို့ပေါ်ရှိရပ်ကွက်အချို့တွင် ရေဝင်ရောက်နေပြီး ကမ်းနားတစ်လျှောက်ရှိ ဈေးကုန်း ဗိုလ်ကုန်း၊ သရက်တော ၊ကန်ကြီး၊ စမ်းချောင်းရပ်ကွက်များ တွင် ရေလွှမ်းသွားပြီဖြစ်ကြောင်း မြို့ခံသတင်းထောက်က သတင်းပေးပို့သည်။
ဆိုင်ခန်းပေါင်း ငါးရာရှိသည့် အောင်လံ မြို့မဈေးကြီးကိုလည်း ရေစတင်ဝင်လာပြီဖြစ်သဖြင့် အရေးပေါ်ပြောင်းရွေ့မှုများပြုလုပ်နေရသည်။ အောင်လံ အမှတ် ၂ အထက ကျောင်းအတွင်းသို့ ကျောင်းဝန်းအပြည့် ရေဝင်ရောက်နေပြီဖြစ်သည်။
အောင်လံကုသိနာရုံဘုရားစောင်းတန်း။ လယ်ပြင်ဘုန်းတော်ကြီးကျောင်းများတွင်ယာယီရေ ဘေးဒုက္ခသည်စခန်းများဖွင့်ထားသော်လည်းနေထိုင်သူနည်းပါးပြီး နီးစပ်ရာကုန်းမြင့်နေရာများနှင့် ရန်ကုန်မကွေးကားလမ်းး မကြီးဘေးတွင် ဖြစ်သလိုယာယီတဲငယ်များထိုးကာနေထိုင်နေကြရသည်။ လူမှုရေအသင်းအဖွဲ့များ စေတနာရှင်များက ဆန်ဆီစသည်များလာရောက် လှူဒါန်းမှုများရှိသော်လည်း သောက်ရေနှင့် ဆေးဝါး များအဓိကလိုအပ်နေကြောင်းလည်းရေဘေ ရေဘေးသင့်ဒေသခံများကဆိုသည်။

*အွန်လိုင်းပေါ်မှ ပရဟိတ နှလုံးသား ပိုင်ရှင်များ ခင်ဗျာ* *ကျွန်တော် စတင်၍ အလှူခံပါပြီဗျာ*

Yar Su Thit added 5 new photos. မှ ကူးယူဖော်ပြသည်။
27 mins · Edited ·
*အွန်လိုင်းပေါ်မှ ပရဟိတ နှလုံးသား ပိုင်ရှင်များ ခင်ဗျာ*
*ကျွန်တော် စတင်၍ အလှူခံပါပြီဗျာ*
ကျွန်တော်တို့၏ ပါရမီရှင် သာသနာ့ အကျိုး
တော်ဆောင် အဖွဲ့မှ ၃၁.၇.၂၀၁၅နေ့တွင် ငဖဲမြို့နယ်ရှိ
ရေဘေးသင့် မိသားစုများထံသို့ ထမင်းဟင်းနှင့် ရေသန့်
ဘူးများ ကိုယ်တိုင်လက်ရောက် သွား၍ လှူဒါန်းမှုများကို
သာဓုခေါ်ဆိုနိုင်ရန် Yar Su Thit accountမှ ဓာတ်
ပုံများနှင့် မျှဝေခဲ့ရာ လူကိုယ်တိုင် လာရောက်၍ သော်လည်းကောင်း၊ဖုန်းဆက်၍လည်းကောင်း၊မက်ဆေ့ပို့၍
လည်းကောင်း အလှူရှင်များမှ အလှူငွေများ လှူဒါန်းနေကြ
ပါသဖြင့် ကိုယ်တိုင်ကိုယ်ကျ သွား၍ မလှူနိုင်သည့် အလှူ
ရှင်များ ကိုယ်စား ကျွန်တော်တို့ ပါရီရှင် အဖွဲ့ (မကွေး)နှင့်
ပူးပေါင်းပြီး *အွန်လိုင်းပေါ်မှပရဟိတ နှလုံးသားများ(သို့)
ရေစက်ရေပေါက်ကလေးများစွာမှသည်*ကျွန်တော်၏
ပရဟိတ အလှူရှင်များမှ ရေဘေးရှောင် မိသားစုများကို
၁/ဆန်
၂/ငါးသေတ္တာဗူး
၃/ရေသန့်ဗူး
၎/ဆပ်ပြာ
၅/မုန့်မျိုးစုံ
၆/အဝတ်အထည်များ (အသစ်/အဟောင်း)
လှူဒါန်း ကူညီသွားပါမည်။
ဆက်သွယ်လှူဒါန်းလိုပါက
ကိုကျော်စွာဆွေ
၈/မကနိုင်000092
KBZ,2ဗိုလ်ချုပ်လမ်း မကွေး
၀၉၉၇၆၄၃၆၁၁၁
၀၉၇၉၆၈၈၈၉၈၇
Century စားသောက်ဆိုင်
၁၄.လမ်း ပွဲကြိုရပ် မကွေး

ရခိုင်ပြည်နယ်အတွင်း ရေဘေးအတွက် ရန်ကုန်ရောက် ရခိုင်အသင်းအဖွဲ့စည်းများမှ ဆန်အိပ် ၆၀၀ လှူဒါန်း

Saw Thar Mg added 4 new photos — with Anp Ann and 49 others. မှ ကူးယူဖော်ပြသည်။
13 hrs · Edited ·
ရခိုင်ပြည်နယ်အတွင်း ရေဘေးအတွက် ရန်ကုန်ရောက် ရခိုင်အသင်းအဖွဲ့စည်းများမှ ဆန်အိပ် ၆၀၀ လှူဒါန်း
ရခိုင်သဟာရအသင်းနှင့်ရခိုင်လူမူအဖွဲ့အစည်းများ စုပေါင်းကော်မတီ(ရန်ကုန်)မှ မင်းပြားမြို့နယ်ရေဘေးဒုက္ခသည်များအတွက် ဆန်အိပ် ၂၀၀ မြောက်ဦးမြို့နယ်ရေဘေးဒုက္ခသည်များအတွက် ဆန်အိပ် ၂၀၀ ကျောက်တော်မြို့နယ်ရေဘေးဒုက္ခသည်များအတွက် ဆန်အိပ် ၂၀၀ စုစုပေါင်း ဆန်အိပ် ၆၀၀ ကို ၃၁-၇-၂၀၁၅-(သောကြာနေ့)လှူဒါန်းလိုက်ပါသည် ဆက်လက်လှူဒါန်းနိုင်ရန် ရခိုင်သဟာရရုံးတွင်ကယ်ဆယ်ရေးအလှူလက်ခံဌာနကိုဖွင့်လှစ်ထားပါသည်
နောက်ဆုံးသတင်းအရ မြောက်ဦးမြို့နယ်ရှိဒေသခံများအဆိုးဆုံးခံနေရပါသည် မြောက်ဦးမြို့ထဲလမ္မပေါ်မှာရေအမြင် ၇ ပေထိရှိနေပြီ လူနေအိမ်ခေါ်မိုးပေါ်တွင် ကလေးသူငယ် သက်ကြီးရွယ်အိုများရှိနေသော်လည်း ကယ်မယ့်သူမရှိဘူးလို့ကြားသိနေရပါသည် စက်လှေမျာ လှည်များမရှိသဖြင့် အသက်ရူံးဆုံးမူများရှိနေကြောင်းနဲ့ မြောက်ဦးမြို့သူများအားလုံးသည် နန်းရာကုန်းပေါ်ရောက်ရှိနေကြောင်းကိုဒေသခံပြည်သူတစ်ဦးမှ သတင်းပေးပို့ချက်အရသိရှိရပါသည်
အားလုံးပူးပေါင်းပါဝင်လှူဒါန်းပေးကြပါရန်တိုက်တွန်းနိုးဆော်အပ်ပါသည်

ပြည်တွင်း/ပြည်ပမှ အလှူရှင်များအောက်ပါအတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါသည်
ဦးလှမောင်သိန်း (သဟာရအသင်း) 095139790
ဦးကျော်ဇောလှ (ကျောက်တော်မြို့နယ်အသင်း) 0973257628
ဦးမြင့်ကျော် (မြောက်ဦးမြို့နယ်အသင်း ) 095064653
ဘဏ်အကောင့် ကမ္ဘောဇဘဏ်ခွဲ(ကျောက်မြောင်း)ရန်ကုန်209;302;12700186101

ပွင့်ဖြူ ကြီးအုံကြီးဝ မုန်းချောင်း မန်းချောင်း စေတုတ္တရာ စားနပ်ရိက္ခာများခက်ခဲလျက်ရှိပါသည်.....အလှူရှင်များစွာအတွက် နှိုးဆော်တိုက်တွန်းအပ်ပါတယ်ခင်ဗျာ.....

Kamayut Media added 10 new photos. မှ ကူးယူဖော်ပြပါသည်။
33 mins ·
ရေဘေးသင့်ဒေသများဖြစ်သော ပွင့်ဖြူ ကြီးအုံကြီးဝ မုန်းချောင်း မန်းချောင်း စေတုတ္တရာ ရွှေစက်တော် ဧရိယာများ ဝဲပတ်ပြီးကြည့်ရှု့ခဲ့ခြင်း မှတ်တမ်းပုံများဖြစ်ပါသည် .....လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ပါသဖြင့် စားနပ်ရိက္ခာများခက်ခဲလျက်ရှိပါသည်.....အလှူရှင်များစွာအတွက် နှိုးဆော်တိုက်တွန်းအပ်ပါတယ်ခင်ဗျာ.....
(ဓာတ်ပုံ - Bala Min Htin)

စေတုတ္တရာနှင့်ပွင့်ဖြူမြို့နယ် ရေကြီးဝင်ရောက်မှု နောက်ဆုံးအခြေအနေအား ပေးပို့တင်ပြခြင်း မင်းဘူး သြဂုတ် ၁

Magway News added 4 new photos. မှ ကူးယူဖော်ပြသည်။
57 mins ·
စေတုတ္တရာနှင့်ပွင့်ဖြူမြို့နယ် ရေကြီးဝင်ရောက်မှု နောက်ဆုံးအခြေအနေအား
ပေးပို့တင်ပြခြင်း
မင်းဘူး သြဂုတ် ၁
စေတုတ္တရာမြို့ မုန်းချောင်းရေနှင့် ဆီးမီးချောင်းရေများ မိုးသည်းထန်စွာ အဆက်အပြတ် ရွာသွန်းမှုများကြောင့် ရေများ ဆက်လက် မြင့်တက်လျက်ရှိပြီး မုန်းချောင်းရေလှောင်တမံ ၏ရေပိုလွှဲပေါက်များမှ ရေများ ထုတ်လွှတ်ထားသော လည်း၊ တမံအပေါ်မှ ရေကျော်ကျနေပြီးဖြစ်ကြောင်း ၊ကြီးအုံ-ကြီးဝဘက်စုံရေလှောင်တမံမှ ရေများသိုလှောင်ထားရှိ၍
ရေများ တောင့်လာကာ စေတုတ္တရာမြို့ပေါ်ထိ ရပ်ကွက်အားလုံး ရေကြီး နစ်မြှပ်လျက်ရှိကြောင်း၊ကုန်မြင့်နေရာတွင် တည်ရှိသော ပြည်သူ့ဆေးရုံ ကုန်းထက်ဝက်အား ရေဖုံးလွှမ်းလျက်ရှိကြောင်း၊ ယာယီကယ်ဆယ်ရေးစခန်းဖွင့်ထားသော ပိတောက်မြိုင် ရပ်ကွက်မှာ
ရေများပတ်လည်ဝိုင်းနေသဖြင့် လေယာဉ်ကွင်းနှင့် အ.ထ.က ကျောင်း
ကုန်းသို့ ပြောင်ရွှေ့ရန်စီစဉ်လျက်ရှိကြောင်း၊ အ.ထ.က ကျောင်း
ဝန်အတွင်းဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမှာလည်း
ရေကြီးလျက်ရှိကြောင်း၊ ၎င်းအနီးရှိ မြောက်ခေတ္တရာ၊ရွာသစ် ရပ်ကွက်များမှာလည်း ရေနစ်မြုတ်လျက်ရှိကြောင်း၊ သြဂုတ်လ(၁)ရက်နေ့ နံနက် (၆း၁၀)နာရီအချိန်ထိ ရေများဆက်လက် တိုးတက်ကြီးမြင့်လျက်ရှိရာ လှိုင်လုံးကြီးများဖြင့် ၀င်ရောက်နေလျက်ရှိပါ ကြောင်း၊ ယခုအချိန်ထိ ဆက်သွယ်ရရှိသော ဖုန်းမှာလည်း ပြတ်တောက်သွားနိုင်ပါကြောင်း
၊ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီရန်အသင့်ရှိသော်လည်း
ရေကြီးနေမှုများကြောင့် ၀င်ရောက်ကယ်ဆယ်ကူညီရန် အခက်အခဲ
များတွေ့ရှိ နေရပါကြောင်း၊စေတုတ္တရာမြို့နယ်၏ ရေကြီးနစ်မြုတ် နေမှုအခြေအနေအား မြို့နယ်မီးသတ်စခန်းကုန်းပေါ်မှ တွေ့မြင်နေရ မှုအခြေအနေကို မြို့နယ် ပြန်/ဆက် ရုံး စာရေး ဒေါ်ခင်မာကြည်၏ ဆက်သွယ်ပြောပြ သတင်းပေးပို့မှုများဖြင့် သိရှိရပါ ကြောင်းတင်ပြအပ်ပါသည်။
ပွင့်ဖြူမြို့နယ်အနေဖြင့် ယမန်နေ့ ရေကြီးနေမှုများထက် အနည်း
ငယ်မြင့်တက်လျက်ရှိပါကြောင်း၊ယမန်းနေ့မှ ကယ်ဆယ်ကူညီ
ထားသော ရေးဘေးပြည်သူများအား မြို့နယ်၏တောင်ဘက် ကုန်မြင့်ပိုင်းတွင်းရှိသော ၀ါတပ် စခန်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိကူညီ ဆောင်ရွက်ပေးနေလျက်ရှိကြောင်၊ ကံသာကြီးကျေးရွာ စံပြကျေးရွာများရှိ အ.ထ.က ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ
တွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကူညီ ဆောင်ရွက်
ပေးနေလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိသူများလည်း စံပြကျေးရွာ အခြေပြု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား
ဖြည့်ဆည်းပေးနေလျက်ရှိကြောင်း သိရှိရပါသည်။

၁ရက် ၈လ ၂၀၁၅ မင်းဘူးမြို့ မနက် ၁၀နာရီခွဲ ရေဘေးစပြီ...

Ae'Mon Phay added 4 new photos. မှ ကူးယူဖော်ပြသည်။
2 hrs ·
၁ရက် ၈လ ၂၀၁၅
မင်းဘူးမြို့ မနက် ၁၀နာရီခွဲ