Thursday, June 4, 2015

DVB - T2 Set Top Box အခမဲ့ပေးအပ်ပွဲကျင်းပ




မကွေး   ဇွန်    ၄ ရက်

ပြန်ကြားရေးဝန်ကြီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်း၌ DVB - T2 စနစ်ဖြင့် ရုပ်သံထုတ်လွှင့်မှုကို ဖမ်းယူရရှိမသော မြို့နယ်(၇)မြို့နယ်ရှိ လူမှုအသိုင်းအ၀န်းနှင့် လူနေမှုအဆင့် (E) ရှိသော အိမ်ထောင်စုများသို့ DVB-T2 Set Top  Box  များအခမဲ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မကွေးမြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။  


          ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် DVB-T2 Set  Top  Box  (၁၁၅၈၈)လုံး ပေးအပ်လှူဒါန်း သွားမှာဖြစ်ပြီး ယမန်နှစ်က (၃၄၁၁၁)လုံး ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်း ယခု၂၀၁၅-၂၀၁၆ နှစ်မှာတော့ တစ်နိုင်ငံလုံးအတွက် DVB-T2 Set Top  Box (၇၉၆၉၈)လုံး လှူဒါန်းသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးရှိ စီးပွာဖြစ် မဟုတ်သော လူမှုအသိုင်းအ၀န်းများနဲ့ လူမှုအဆင့် (E) အိမ်ထောင်စုများအား အခမဲ့ပေးအပ်ခြင်းဟာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြည်သူဗဟိုပြုမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့နည်းပပျောက်ရေးလုပ်ငန်းစဉ်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဆောင်ရွက်လျက်ရှိပါကြောင်း DVB-T2 Set Top  Box ကို အသုံးပြုပြီး ဖမ်းယူကြည့်ရှုခြင်း အားဖြင့် ရုပ်မြင်သံကြားလိုင်း (၁၄)လိုင်းကို အခမဲ့ဖမ်းယူကြည့်ရှုနိုင်တဲ့အပြင် FM  Radio လိုင်းများကိုလည်း ဖမ်းယူနားဆင်နိုင်မည်ဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်သူလူထုကို ၀န်ဆောင်မှုပေးတဲ့ဌာနတစ်ခု ဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး၏ ပြည်သူဗဟိုပြုလမ်းစဉ်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ဦးထိပ်ပန်ဆင်လျက် ပြည်သူလူထုအတွက် ဦးစားပေးအလေးထားဆောင်ရွက်လျက် ရှိပါကြောင်း အကျယ်တ၀ံ့ပြောကြားခဲ့သည်။ 

          ထို့နောက်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းမှ အမှာစကား ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးမှ DVB-T2 Set Top  Box များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းထံ ပေးအပ်ခဲ့သည်။
          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက DVB-T2 Set Top  Box များကို မကွေးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင် အထွေထွေဦးစီးဌာနများသို့ ပေးအပ်ခဲ့ပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့မိမြို့ဖများ အထောက်အကူပြုကော်မတီဥက္ကနှင့် အဖွဲ့ဝင်များ NGO အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သန်းနိုင်ဦး (ငဖဲ)

0 comments:

Post a Comment