Monday, June 29, 2015

ပန်းတိုင်းတော(အနောက်)ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်

ပညာရေးဝန်ကြီးဋ္ဌာန|မကွေးတိုင်းဒေသကြီး
ပခုက္ကူခရိုင်-အခြေခံပညာရေး ဦးစီးဋ္ဌာနမှ
၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်
ကျေးလက်နေ ကျောင်းသား/ကျောင်းသူများ
အခြေခံပညာ အလွယ်တကူ ပညာ
သင်ကြားနိုင်ရန်အတွက် မြိုင်မြို့နယ်
ညောင်ရွာကျေးရွာအုပ်စု|ပန်းတိုင်းတော
(အနောက်)ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဖွင့်ပွဲကို ဇွန် ၂၈ရက်နေ့ နံနက် ၈နာရီခွဲက ယင်းကျောင်း
ရှေ့၌ ဖွင့်လှစ်သည်။
အဆိုပါဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်း|
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကိုယ်စား
ဦးကျောဆွေ|မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား
ဒုတိယဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဒုတိယ
မြို့နယ်ပညာရေးမှူး ဦးကျော်သောင်းတို့က
အခြေခံပညာ အလယ်တန်းကျောင်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ
သည်။(ပုံ)
  ထို့နောက် တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဦးစောဝင်း|ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်ကိုယ်စား
ဦးကျော်ဆွေနှင့် ဒုတိယဦးစီးမှူးတို့က
အမှာစကား ပြောကြားသည်။
  ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး
က ကျေးရွာမိဘပြည်သူများနှင့်ဆရာ/ဆရာမများ ပူးပေါင်းပံ့ပိုး ကူညီဆောင်ရွက်မှု
အပေါ် မူတည်၍ မူလတန်း|အလယ်တန်း|
အထက်တန်းကျောင်းများကို အဆင့်ဆင့်
တိုးမြှင့်ဖွင့်လှစ်ပေးကြောင်း အသေးစိတ်
ရှင်းလင်းပြောကြားပြီး ပန်းတိုင်းတော(န)
အလယ်တန်းကျောင်း(ခွဲ)ကျောင်းအုပ်
ဆရာကြီး ဦးသောင်းလှိုင် က ပညာ
သင်ကြားမှုနှင့် ယခုကျောင်းမှ အောင်မြင်
သွားသည့် ကျောင်းသား/ကျောင်းသူများ
အနေဖြင့် ဋ္ဌာနအသီးသီးတွင် တိုင်းပြည်
တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါကြောင်း
အထက်တန်းကျောင်း ထပ်မံဖွင့်လှစ်ရေး
ကိုလည်းဆရာ/ဆရာမများ|ကျောင်းသား
ကျောင်းသူများနှင့်မိဘပြည်သူများ ပူးပေါင်း
ဆောင်ရွက်ကြရန် မိဘပြည်သူများအား
တိုက်တွန်း ပြောကြားပါသည်။
  ဆက်လက်၍ ပန်းတိုင်းတော(န)ရွာ
အခြေခံပညာ အလယ်တန်း ကျောင်းအုပ်
ဆရာကြီး ဦးသန်းထိုက်မှ မြို့နယ်ဒုတိယ
ဦးစီးမှူး နှင့် မြို့နယ်ဒုတိယ ပညာရေးမှူး
တို့အား ကျောင်းဖွင့်ပွဲအထိမ်းအမှတ်အလံ
ကို ပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်
တစ်ဦး က ကျေးဇူးတင် စကားပြောကြား
၍ အခမ်းအနားကို နံနက် ၁၀နာရီခွဲတွင်
ပြီးစီးကာ မိဘပြည်သူများနှင့် ကျောင်းသား
ကျောင်းသူများက ဒိုးပတ်|ပန်းပွါး အကများဖြင့် ဝမ်းသာစွာ တီးမှုတ်ကခုန်
နေကြကြောင်း သိရသည်။
       
                           အောင်ကျော်မြင့်

0 comments:

Post a Comment