Monday, June 1, 2015

မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲ ကျင်းပ




ငဖဲ     ဇွန်    
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်(ယင်းမာ)အရ ၂၀၁၅ ခုနှစ်မေ ၂၆ ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့အထိ တစ်လတာ အထူးကာလအဖြစ်သတ်မှတ်လျက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ငဖဲမြို့နယ် မင်းလွင်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မင်းလွင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှကျောင်းအုပ် ဆရာမကြီးဒေါ်မြင့်မြင့်ဌေးမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲအုပ် ခေတ်မင်း ကအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ နှင့်ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းကမူးယစ်အန္တရာယ် လူ့ရန်စွယ်၊ကာကွယ်တိုက်ဖျက် လက်ချင်းဆက်ခေါင်းစဉ်ဖြင့်အသိပညာ ပေးရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ဇွန်လအတွင်း ရှောက်ဝကျေးရွာနှင့်ဇီးတောလေး ဇီးတောကြီးကျေးရွာများတွင် အဆိုပါ အခမ်းအနားကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment