ပေါက် ဇွန် ၂
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု
နှင့်တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်(ယင်းမာ)အရ
ယခုနှစ်မေ ၂၆ ရက်မှဇွန်
၂၆ ရက်အထိတစ်လတာ
အထူးကာလအဖြစ် သတ်မှတ်လျက် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်
ရှိရာ ပေါက်မြို့နယ်
ချောင်းကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဇွန် ၂ ရက် နံနက် ၉ နာရီက
မူးယစ်ဆေးဝါးအသိပညာပေး
နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲံကိုကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး
ဦးလှရွှေကအဖွင့်အမှာစကားပြောကြားခြင်း၊မြို့
နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းအေးက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည
့်အကြောင်းအရာများကိုရှင်းလင်းပြော ကြားခဲ့ပြီး
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဦးစီးမှူးဦးစောမြင့်ခိုင်က“မူးယစ်ကင်းစင်ပြုံးပျော်ရွှင်မိသားစုဘဝ
ချမ်းသာရ”ခေါင်းစဉ်ဖြင့်
အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဥာဏ်တိုး(ပေါက်)
0 comments:
Post a Comment