Monday, June 29, 2015

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ၊ မြန်မာ့ရိုးရာအစားအစာရောင်းချပွဲ၊ ပဒေသာကပွဲနှင့်မြန်မာ့ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်မှုပြိုင်ပွဲများ ကျင်းပ



မကွေး  ဇွန်   ၂၈

    ၂၀၁၅ခုနှစ် ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲကို ယနေ့နံနက်(၈)နာရီက မကွေးမြို့ လမ်းငါးသွယ်အ၀ိုင်းပတ်တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယက ဒေါ်စန်းစန်းမြင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသူ များ တက်ရောက်ခဲ့သည်။ 

    မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာဥက္ကဌ ဒေါ်သင်းသင်းထွေးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယက ဒေါ်စန်းစန်းမြင့်က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

    ဆက်လက်၍ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြန်မာ့ရိုးရာအစားအစာရောင်းချပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုပဒေသာကပွဲ၊ ၀တ်စားဆင်ယင်မှုပြိုင်ပွဲကို မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေး ခဲ့ကြသည်။

၎င်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲနှင့် ၀တ်စားဆင်ယင်မှုပြိုင်ပွဲကို ဆက်လက် ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူလေးများက မြန်မာအမျိုးသမီး များနေ့သီချင်းဖြင့် ဂုဏ်ပြု သီဆိုဖျော်ဖြေခဲ့ပြီး ပေါင်းစုညီညာအမျိုးသမီးရေးရာ၊ ဗိုလ်ရှုသဘင်၊ ထာဝရသစ္စာ၊ မိုးဇာဗြောများဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်မှ ကျောင်းသား/သူများက ချင်းရိုးရာတေးသရုပ်ဖော်အက၊ မကွေးတက္ကသိုလ်မှ မွန်တို့ဌာနေ ရာမညမြေ၊ ပညာရေးကောလိပ်မှ သားလိမ္မာအကများ၊ အခြေခံကျန်းမာရေးတက္ကသိုလ်မှ ကျောင်းသား/သူများက ရှမ်းရိုးရာအက များဖြင့်လည်းကောင်း၊ အမျိုးသမီး ရေးရာ အဖွဲ့များက ခန့်ညာဝင့်ထည်လှသွေးကြွယ် မျိုးနွယ် ဂုဏ်မြင့်ပွဲလယ်တင့်အမည်ဖြင့် မြန်မာ့ရိုးရာ ၀တ်စား ဆင်ယင်မှုများဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ 

    ထို့နောက် ဆုရရှိသူများအား မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စန်းစန်းမြင့်နှင့် တာဝန်ရှိသူများက  ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီး ဖျော်ဖြေတင်ဆက် သူများကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment