Tuesday, June 30, 2015

“အခြေခံဥပဒေ ပြင်ရန် တ.က.သဆန္ဒဖော်ထုတ် “

Ukyi Aungmdy and 2 others shared 7Day News Journal's post. မှ ကူးယူဖော်ပြသည်။
 
 
 
 
 
 
 
 
 
 
 
 
“အခြေခံဥပဒေ ပြင်ရန် တ.က.သဆန္ဒဖော်ထုတ် “
၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးရန်နှင့် လွှတ်တော်တွင်းမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းထွက်ခွာပေးရန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ မှ ကျောင်းသား ၅၀ ခန့်က ယနေ့ (ဇွန်-၃၀ )တွင် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ မှ ဆူးလေမြို့တော်ခန်းမရှေ့သို့ ချီတက်လမ်းလျောက်၍ ဆန္ဒဖော်ထုတ်ခဲ့သည် ။
သိမ်ကြီးဈေးရှေ့မှ ဆူးလေ သို့ချီတက်ရာလမ်းတစ်လျောက်တွင် ရဲတပ်ဖွဲ့လုံခြုံရေးအင်အား ၂၀၀ ခန့်က သိမ်ကြီးဈေးရှေ့တွင် တစ်ကြိမ်၊ ၂၅လမ်းထိပ်တွင် တစ်ကြိမ်၊ ၂၈ လမ်းထိပ်တွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် လုံခြုံရေးစည်းတား၍ တားဆီးခဲ့ရာ ကျောင်းသားများ ကတိုးထွက် ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်။
ယခု ဆူးလေမြို့တော်ခန်းမရှေ့သို့ ဆန္ဒဖော်ထုတ်သူများ ရောက်ရှိလာပြီး ယနေ့ မွန်းလွဲ ၃ နာရီ ခွဲခန့်မှစ၍ ဟောပြောခြင်းများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ-ငြိမ်းချမ်း

0 comments:

Post a Comment