Thursday, June 4, 2015

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပ



ပခုက္ကူ    ဇွန် 
          ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တိုက် ဖျက်ရေး အထူးစီမံချက် (ယင်းအား) ကိုအကောင်အထည်ဆောင်ရွက်သည့်အနေဖြင့် ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အကြိုပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ (၃)ရက်နေ့ နံနက်(၀၉း၃၀)နာရီတွင် ကျင်းပခဲ့သည်။
          အခမ်းအနားတွင် ပခုက္ကူခရိုင် ပြန်/ဆက်ရုံးမှ ဦးစီးမှူး ဒေါ်ဝင်းမေက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်းနှင့် ဆိုးကျိုးများအကြောင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတို့တွင် ထိရောက်ကျယ်ပြန့်စွာ နှိမ်နှင်းအရေးယူလျက်ရှိကြောင်းကို ကျောင်းသား ကျောင်းသူများသိရှိနားလည်စေရန် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများဖြင့် ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

ဥာဏ်တိုး (IPRD)

0 comments:

Post a Comment