Sunday, June 28, 2015

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ


    
ဆိပ်ဖြူ   ဇွန်     ၂၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ အခြေခံ ပညာအထက်တန်းကျောင်း(နဝရတ်)ခန်း
မ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံး မှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့ အခမ်းအနားကို (၂၆-၆-၂၀၁၅)ရက်နေ့ နံနက်(၀၉၁၅)နာရီအချိန်တွင်ကျင်းပပြုလုပ်သည်။
    အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးက ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ထံမှပေးပို့သည့်သဝဏ်လွှာဖတ်ကြားခြင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းမြင့်ဝင်းက မူး ယစ်ဆေးဝါးအန္တရာယ်နှင့်မူးယစ်ဆေးဝါးသုံး စွဲခြင်း၏ဆိုးကျိုးများအားရှင်းလင်းပြောကြား ခြင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ကျောင်းသားနှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းရှင်းလင်းပြောကြားပြီး အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ ဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအ မှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူ(၆)ဦးတို့အား ဆုများ အသီး သီးပေးအပ်ကြသည်။
    အဆိုပါအခမ်းအနားတွင်မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပညာ ပေး နံရံကပ် ဓါတ်ပုံနှင့်စာအုပ်စာစောင်များ ခင်းကျင်းပြသပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ ဆရာ/မများ ကျောင်းသား/သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရှိရသည်။ 
ကိုမျိုး (ဆိပ်ဖြူ)

0 comments:

Post a Comment