Wednesday, June 3, 2015

ဆိုင်ကယ် မဆင်မခြင်မောင်းနှင်၍ နောက်မှထိုင်စီးသူ အမျိုးသမီးတစ်ဦး ပြုတ်ကျ သေဆုံး




မြို့သစ်     ဇွန်     
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက်(၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့သစ်ဆေးရုံတွင် ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ သေဆုံး သော အလောင်းတစ်လောင်း ရောက်ရှိနေကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ရာ သေဆုံးသူမှာ တောင်တွင်းကြီးမြို့နယ်၊ အောင်းစုကျေးရွာနေသူ မသန်းဌေး (၂၅)နှစ် ဖြစ်ကြောင်း သိရပြီး ဖြစ်စဉ်မှာ နံနက်(၉)နာရီခွဲ အချိန်ခန့်တွင် နေပြည်တော်ဘက်မှ မြို့သစ်ဘက်သို့ နေပြည်တော်- မြို့သစ်လမ်းအတိုင်း တောင်တွင်းကြီးမြို့နယ်၊ ပိန္နဲပင်ကျေးရွာနေသူ အောင်ဇော်ဦး (၂၁)နှစ် မောင်းနှင်သော ၂၁ယ/xxxx၊ BossBo-125 အနက်ရောင် ဆိုင်ကယ်ဖြင့် မောင်နှမ တစ်ဝမ်း ကွဲတော်စပ်သူ မသန်းဌေးအား တင်ဆောင်၍ ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် သန်းကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၄၄/၅)နှင့် (၄၄/၆) အကြားလမ်းကွေ့ အရောက်တွင် မသန်းဌေးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာ များ ရရှိခဲ့သဖြင့် မြို့သစ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားသဖြင့် ဆိုင်ကယ်မဆင် မခြင် မောင်းနှင်သူ အောင်ဇော်ဦးအား မြို့သစ်မြို့မရဲစခန်း ယာဉ်(ပ)၂၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment