တောင်တွင်းကြီး မေ (၃၁)
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အပါအ၀င်
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၂၅)မြို့နယ်တွင် ၂၀၁၅ခုနှစ်၊
ပါတီစုံဒီမိုကရေစီအထွေထွေရွေးေ ကာက်ပွဲ၌ ပါဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အခြေခံမဲစာရင်းများကို ယခုလာမည့် ဇွန်လ(၈)ရက်နေ့မှ (၂၁)နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများ၊ ကျေးရွာခွဲရုံးများ၌ ကြေညာစာရွက်ကပ်ကာ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ထုတ်ပြန်ကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၊
ကျေးရွာခွဲရုံးများသို့ သွားရောက်၍ မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း
ရှိ/မရှိ၊ အမည်စာရင်းတွင်ပါဝင်သော်လည်း မဲဆန္ဒရှင်၏ အချက်အလက်များ
မှားယွင်းမှု ရှိ/မရှိ၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ခြင်း
ရှိ/မရှိ တို့ စစ်ဆေးပေးကြပါရန် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ
မေတ္တာရပ်ခံထားကြောင်း သိရသည်။
အဆိုပါ အခြေခံမဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ခြင်း၊ မိမိနှင့်ပတ်သက်သောအချက်အလက်များမှားယွင်းနေခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေခြင်းများတွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများ၊ ကျေးရွာခွဲများတွင်ထားရှိသော တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများတောင်းခံဖြည့်စွ က်၍ တင်သွင်းနိုင်ကြောင်း သတင်းရရှိသည်။
ဗိုလ်ပြည့် (တောင်တွင်းကြီး)ထိုသို့ထုတ်ပြန်ကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကျေးရွာကော်မရှင်
အဆိုပါ အခြေခံမဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ခြင်း၊ မိမိနှင့်ပတ်သက်သောအချက်အလက်မျာ
0 comments:
Post a Comment