Monday, June 15, 2015

လမ်းဦးစီးဌာနနှင့် ကျေးလက်ဦးစီးဌာနတို့မှ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အသိပေးရှင်းလင်းခြင်း

၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အသိပေးရှင်းလင်းခြင်း


မကွေး    ဇွန်    ၁၅
    လမ်းဦးစီးဌာနနှင့် ကျေးလက်ဦးစီးဌာနတို့မှ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက်(၁၁း၃၀)အချိန်တွင် မကွေးမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည်။
    အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင်နှင့် မကွေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကားပြောကြားသည်။
    ဆက်လက်၍ မကွေးမြို့နယ် လမ်းဦးစီးအရာရှိ(မြို့ပြ) ဒေါ်ဥမ္မာလှိုင်က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို၎င်း၊ ကျေးလက်ဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးဝင်းနိုင်က ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဖြစ်သည့် ကျေးလက်မီးလင်းရေး၊ ကျန်းမာရေးဆိုင်ရာ ယင်လုံအိမ်သာများ ဆောက်လုပ်ရေး၊ အဆောက်အဦနှင့် ကျေးလက်မီးလင်းရေး စသည်တို့ကို ရှင်းလင်းတင်ပြသည်။
    အဆိုပါအခမ်းအနားသို့ မကွေးခရီုင်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူုးများ တက်ရောက်ခဲ့ ကြောင်းသိရသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment