Monday, June 1, 2015

မကွေးမြို့ နွားကူးကျေးရွာမှာ ရိုင်ဖယ်ကျည် ဆံ ၁၀၀ တောင့် တွေ့ရှိ

မကွေးမြို့နယ် မကျည်းကန်ကျေးရွာအုပ်စု၊ နွားကူးကျေးရွာတွင် မေ(၃၁)ရက်နေ့နေ့လည်ပိုင်းက အိမ်သာကျင်းတူးဖော်ရာမှ ရိုင်ဖယ်ကျည် ဆံ ၁၀၀ တောင့် တွေ့ရှိခဲ့ကြောင်းသက်ဆိုင်ရာမှ သတင်းရရှိသည်။

ဖြစ်စဉ်အကျဉ်းမှာ
နွားကူးကျေးရွာနေ ကိုလှိုင်မင်းဦး၊အသက်(၃၁)နှစ်သည် မေ (၃၁)ရက်နေ့ နေ့လည်ပိုင်းက အိမ်ဝိုင်းလွတ်အတွင်း အိမ်သာကျင်းတူးဖော်စဉ် အနက် (၄)ပေခွဲအရောက်တွင် သံချေးတက်နေသည့် ကျည် (၁၀၀)တောင့်အား တွေ့ရှိသဖြင့် အိမ်ဝိုင်းပိုင်ရှင် ကိုလှိုင်မင်းဦးမှ မကွေးနယ်မြေ ရဲစခန်းသို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် မကွေးနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ကျော်သူမှ သက်သေများနှင့်အတူ ၄င်းကျည်ဆံများအား သွားရောက်သိမ်းဆည်းခဲ့ပြီး မကွေး နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်မင်းညိုမှ မကွေးမြို့ တပ်မ(၈၈) တပ်နယ်မှူးရုံးမှ တပ်ရေးဗိုလ်ကြီး ညီညီဇော်ထံ ဆက်သွယ်အကြောင်းကြားခဲ့ရာ ညနေ (၄)နာရီအချိန် စအရ (၉၁၀)မကွေး တပ်ခွဲ (၃)မှ ခေတ္တ တပ်ခွဲမှူး ဗိုလ်ကြီးအောင်ခင်နိုင် နှင့်အဖွဲ့မှ လာရောက်စစ်ဆေး၍ သံချေးတက်ကျည်များမှာ ရိုင်ဖယ်ကျည် (DM-42) အမျိုးအစား သုံးမရကျည်များဖြစ်ကြောင်းနှင့် ရဲအုပ်မင်းညိုမှ ဗိုလ်ကြီးအောင်ခင်နိုင်ထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

0 comments:

Post a Comment