မြိုင်-မေ-၃၀
မကွေးတိုင်းဒေသကြီး၊ပခုက်္ကူခ်ရိုင်၊မြိုင်မြို့နယ်ပညာရေးဦးစီးမှူးဋ္ဌာနမှ ကြီးမှူးကျင်းပသော
မြို့နယ်အခြေပြုမူလတန်းဆရာအတတ်ပညာ အထူးသင်တန်း(၂/၂၀၁၅)ဆင်းပွဲကို မေ-၃၀ရက်နေ့ နံနက်
(၉)နာရီခွဲက မြိုင် အ.ထ.က ကျောင်း ခန်းမ၌ကျင်းပသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းက
အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး ဦးသန်းအေးက
သင်တန်းဆင်းအမှာစကားပြောကြားခြင်းနှင့် သင်တန်းနည်းပြဆရာများကိုယ်စား နည်းပြဆရာကြီး ဦးသန်းထွန်းက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာ(၁၃)ဦးအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးစောဝင်းမှ ချီးမြှင့်ငွေများပေးအပ်၍ သင်တန်းသား/သင်တန်းသူ(၂၈၁)ဦးတို့အား သင်တန်းဆင်း
လက်မှတ်များပေးအပ်ကြပြီး သင်တန်းသား/သင်တန်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေကြသည်။သင်တန်းကာလမှာ(၄.၅.၂၀၁၅)ရက်မှ(၃၀.၅.၂၀၁၅)ရက်နေ့ထိ ဖွင့်လှစ်ခဲ့
ကြကြောင်းသိရသည်။
အောင်ကျော်မြင့်
0 comments:
Post a Comment