ငဖဲ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊
ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်းရန်ပုံငွေ (၂.၅) သန်းဖြင့် နယ်ဇောကျေးရွာအုပ်စု၊ နယ်ဇောကျေးရွာ (၂၅၀၀)ဂါလံဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား လင်းလက်ဝေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။

အဆိုပါ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား
မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ
သတ်မှတ်ကာလအတွင်းပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၄င်းကျေးရွာတွင် သောက်သုံးရေကို
ကျေးရွာဖြင့် ဝေးကွာသည့်နေရာမှ သယ်ယူသုံးစွဲခဲ့ရပြီး ယခု တည်ဆောက်သည့် အုပ်ရေကန်မှာ
ကျေးရွာအတွင်းတွင် တည်ဆာက်ခဲ့ပြီး ဆောက်လုပ်ပြီးစီးပါက ကျေးရွာပြည်သူများ သောက်သုံးရေကို
အဆင်ပြေ လွယ်ကူစွာသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment